Universal မှ ဖန်တီးထားသော ဇာတ်မြူးရုပ်ရှင် Good Boys သည် ပွဲဦးထွက် ဝင်ငွေဒေါ်လာ ၂၁ သန်းရရှိခဲ့ပြီး မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ကြောင်း လက်မှတ်ဝင်ငွေ လေ့လာရေးအဖွဲ့ Exhibitor Relations က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၁၇ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ရမှသာ ကြည့်ရှုနိုင်သည့် R -rated ရုပ်ရှင်အမျိုးအစားဖြစ်သော Good Boys သည် ၂၀၁၆ ခုနှစ်အစောပိုင်းတွင် ထွက်ရှိခဲ့သည့် The Boss ဇာတ်ကားပြီးပါက မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသော ပထမဆုံး R - rated ရုပ်ရှင်အမျိုးအစား ဖြစ်သည်။
အနမ်းပါတီပွဲ တက်ရောက်ရာတွင် အရှက်တကွဲမဖြစ်စေရန် အသက် ၁၂ နှစ် အရွယ် ကောင်လေးသုံးဦး ကြိုတင်ပြင်ဆင်ကြပုံများကို ရိုက်ကူးပုံဖော်ထားသည့် Good Boys ဇာတ်ကားကို Seth Rogen နှင့် Evan Goldberg တို့က စီစဉ်ထုတ်လုပ်ပေးထားပြီး Brady Noon ၊ Jacob Tremblay နှင့် Keith L .Williams တို့က ပါဝင်သရုပ်ဆောင်ထားသည်။
Universal ၏ Fast & Furious Presents း Hobbs & Shaw ဇာတ်ကားသည် ယခုသီတင်းပတ်ကုန်ရက် သုံးရက်အတွင်း ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၄ သန်း ရရှိခဲ့ပြီး မြောက်အမေရိကဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်နှစ်နေရာသို့ ကျဆင်းသွားခဲ့သည်။
ရုံတင်ပြသရက် သီတင်းပတ်နှစ်ပတ်အတွင်းသို့ ရောက်ရှိလာသည့် Disney ၏ The Lion King အန်နီမေးရှင်းရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ၁၁.၉ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်း၏ နံပါတ်သုံးနေရာတွင် ရပ်တည်နေပြီး Sony ၏ အန်နီမေးရှင်းရုပ်ရှင်သစ် The Angry Birds Movie 2 မှာ ဝင်ငွေဒေါ်လာ ၁၀.၅ သန်းဖြင့် နံပါတ်လေးတွင် ရပ်တည်နေသည်။
၂၀၁၆ ခုနှစ် မေလတွင် ရုံတင်ပြသခဲ့သော ယခင် Angry Birds ဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၃၈.၂ သန်း ရရှိထားခြင်းကြောင့် အသစ်ထွက်ရှိသည့် The Angry Birds Movie 2 ၏ ပွဲဦးထွက်ဝင် ငွေသည် ယခင်ဇာတ်ကားကို လိုက်မီခဲ့ခြင်း မရှိပေ။ Lionsgate မှ ဖြန့်ချိသည့် Scary Stories to Tell in the Dark သည်းထိတ်ရင်ဖိုဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၀.၁ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်