နိုင်ငံတကာတွင် ပြသလျက်ရှိသည့် JOKER ကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ အောက်တိုဘာ ၃ ရက်မှစ၍ ရုံတင်ပြသထားသည်။
JOKER ဇာတ်ကားကို နိုင်ငံအချို့တွင် အောက်တိုဘာ ၁ ရက်မှစတင်ကာပြသခဲ့ပြီး အမေရိကန်နိုင်င ံ အပါအဝင် နိုင်ငံအများပြား၌ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင်စတင်ပြသမည်ဖြစ်သည်။
၁၉၈၁ ခုနှစ်တွင် ရုပ်ပြောင်လူပြက် တစ်ဦးဖြစ်သည့် Arthur Fleck သည် သူ၏ ဘဝတွင် ကျရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ ဘဝရပ်တည်ရေးအတွက် ဂေါ့သန်မြို့၏ လမ်းများပေါ်တွင် လူရွှင်တော် တစ်ဦးကဲ့သို့ ဝတ်စားကာ လှည့်လည်သွားလာရင်း ဝမ်းရေးအတွက် ရှာဖွေနေရချိန်တွင်လည်း ရက်စက်သည့် လူရမ်းကားများ နှင့် ကြုံတွေ့ရသည်။
ထို့ပြင် သူ၏မျှော်လင့်ချက်ဖြစ်သည့် ညဘက်ပွဲလမ်းများတွင် လူရွှင်တော်တစ်ဦးကဲ့သို့ ပါဝင်ဖျော်ဖြေခွင့် ရရေးမှာလည်း မြို့နေပြည်သူများ၏ အသိအမှတ်ပြုမှု မရသဖြင့် လက်လျှော့ရတော့မည့် အနေအထားသို့ ရောက်လာခဲ့သည်။ အဆင်မပြေမှုများ ဆက်တိုက်ကြုံနေရချိန်တွင် ရက်စက်မှုနှင့် အနိုင် ကျင့်မှုများကိုလည်း ဆက်တိုက်ခံနေရသည့် နောက်ပိုင်း၌ Fleck ၏ စိတ်သည် ကိုယ်ချင်းစာတရားနှင့် ရက်စက်မှုများအကြား ဝေခွဲမရဖြစ်လာပြီးနောက် မှားယွင်းသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမိခဲ့သည်။
Fleck ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်သည်သူ့အား ဒုစရိုက်မှုများဆီသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ သူ၏ လုပ်ရပ်များသည် လူများပေါ်၌ လွန်ကဲသည့် တုန့်ပြန်မှုများ ဖြစ်ပေါ်လာခဲ့သလို သူကိုယ်တိုင်ကလည်း စိတ် ဖောက်ပြန်သူတစ်ဦးအဖြစ် ရောက်ရှိသွားပြီး နောက်ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားသည်။
JOKER ဇာတ်ကားကို ဒါရိုက်တာ Todd Phillops ရိုက်ကူးပြီး Joaquin Phoenix, Robert De Niro, ZazieBeetz, Frances Conroy တို့ပါဝင်ထားသည်။
ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ( စံပြ၊ ဂမုန်းပွင့်၊ စိန်ဂေဟာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ JCGV၊ Mega Ace ( ကန်သာယာ) ၊ MingalarGold Class ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာ (ဒိုင်းမွန်း၊ စင်တာပွိုင့် )ရုံများအပြင် ပြည်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီးနှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်