ပရိသတ်စိတ်ဝင်စားမှု များပြားလျက် ရှိသည့် Now & Ever ရုပ်ရှင်ဇာတ်ကားအား အောက်တိုဘာ ၃၁ ရက်တွင် မင်္ဂလာရုံအုပ်စု ၌ ပြသမည်ဖြစ်ကြောင်း သိရသည်။
Now & Ever ဇာတ်ကားမှာ ဒါရိုက်တာခရစ္စတီးနားခီ၏ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်ဇဏ်ခီ၊ အကယ်ဒမီပိုင်ဖြိုးသု၊ ဂျူးဂျူးကေ၊ ခင်သဇင်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။
“အနုပညာဖန်တီးမှုနဲ့ ပတ်သက်ရင် တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်တဲ့ အနုပညာဖန်တီးမှုမျိုးဖြစ်အောင် ပိုပြီးသိလာတဲ့ လေ့လာထားတဲ့ အနုပညာအရည်အသွေးကို ထည့်သွင်းအသုံးပြုပြီး အကောင်း ဆုံး ဖန်တီးနိုင်အောင်ကြိုးစားပါတယ်။ ဒီနေရာမှာ ပရိသတ်အားပေးမှုများပြားလာတယ်ဆိုရင် ထိုက်သင့်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုက ပိုလုပ်လာနိုင်တယ်။ ဝင်ငွေအားဖြင့် ကောင်းလာတာနဲ့အမျှ ရလာတဲ့ဝင်ငွေကနေ နောက်တစ်ကားကို ထပ်ပြီးမြှုပ်နှံတဲ့အခါ ပို ပြီး အရည်အသွေးကောင်းမွန်အောင် အားထုတ်လာနိုင်ပါတယ်။ Now & Ever ဇာတ်ကားကတော့ ချစ်ခြင်းမေတ္တာကိုပြသတဲ့ ဇာတ်ကားပါ။ အထူးသဖြင့်တော့ ဇနီးမောင်နှံတွေကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုပြသတဲ့ဇာတ်ကားပါ” ဟု ဒါရိုက်တာခရစ္စတီးနားခီက ဇာတ်ကားမရိုက်ကူးမီက ပြောကြားခဲ့သည်။
Now & Ever ဇာတ်ကားမှာ မင်္ဂလာရုံအုပ်စုတွင်ပြသခွင့်ရရှိပြီဖြစ်ကာ မည်သည့် ရုံများတွင်ပြသသွားမည်ဆိုသည်ကို ကြေညာပေးမည်ဖြစ်ကြောင်းသိရသည်။ ယင်းဇာတ်ကား၏ Teaser အား အွန်လိုင်းတွင် တင်ပေးထားရာ၌ အချိန်တိုအတွင်းပင်မျှဝေသူ များပြားခဲ့သည်။ Now & Ever ဇာတ် ကားမှာ ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစွာ ပုံဖော်ထားသည့်ဇာတ်ကားဖြစ်ပြီး ယခင်ဇာတ်ကားများနှင့် ကွဲပြားစွာ ဖန်တီးထားသည်။
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်