(၇၁) ကြိမ်မြောက် အမ်မီဆုပေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် လော့စ်အိန်ဂျလိစ်၌ မကျင်းပမီ အဓိကဆုကဏ္ဍများအတွက် ဆန်ခါတင်စာရင်းများအား ထုတ်ပြန်ခဲ့သည်။ HBO ရုပ်သံ၏ Game of Thrones ဇာတ်လမ်းတွဲက ယခုနှစ်အတွင်း ဆန်ခါတင်ဆု ၃၂ ခုအထိ ပြီးခဲ့သော ဇူလိုင်တွင် စံချိန်တင် လျာထားခံခဲ့ရရာ ဒရာမာဇာတ်လမ်းတွဲတစ်ခုက တစ်နှစ်အတွင်း ဆန်ခါတင်ဆု အများဆုံး လျာထား ခံခဲ့ရခြင်းဖြစ်သည်။
ထိုဇာတ်လမ်းတွဲသည် အဓိကဆုများအတွက် ကဏ္ဍခုနစ်ခုတွင် ဆန်ခါတင်ဆု ၁၄ ဆုအတွက် လျာ ထားခံခဲ့ရပြီး အကောင်းဆုံး ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် ဒရာမာ ဇာတ်လမ်းတွဲများ၏ သရုပ်ဆောင်ဆု လေးဆုစလုံးအတွက် လျာထားခံခဲ့ရ သည်။ Game of Thrones သည် အဓိကဆုပေးပွဲ မတိုင်မီ ပြီးခဲ့သော သီတင်းပတ်က ကျင်းပခဲ့သော ဖန်တီးမှု အနုပညာဆိုင်ရာ အမ်မီဆုပေး ပွဲ၌ ဝတ်စုံ၊ မိတ်ကပ်နှင့် ဂီတဆု အပါ အဝင် ဆု ၁၀ ဆု ရရှိခဲ့သည်။
Game of Thrones သည် အဓိက ဆုပေးပွဲတွင် နောက်ထပ် ဆုသုံးဆုကို ထပ်မံရရှိမည်ဆိုပါက ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အမ်မီဆု ၁၂ ဆုစီ ရရှိထားမှုထက် ပိုမိုသာလွန်သွားမည်ဖြစ်သည်။ ထို ဇာတ်လမ်းတွဲသည် အမ်မီဆုပေးပွဲ သမိုင်းတွင် ဆုရရှိမှုနှင့် ဆန်ခါတင် စာရင်း လျာထားခံခဲ့ရမှု အများဆုံး စာရင်းဝင် ဖြစ်နေပြီးဖြစ်သည်။
Amazon ၏ ဇာတ်မြူး The Marvelous Mrs. Maisel က ဆန်ခါတင်ဆု ၂၀ အတွက်ဒုတိယမြောက် အများဆုံး လျာထားခံခဲ့ရပြီး ထိုဇာတ်လမ်းသည်လည်း သာမန်ဆုကဏ္ဍများတွင် ဆုခြောက်ဆုအထိ ရရှိထားပြီးဖြစ်သည်။
ခြုံငုံ ဆန်ခါတင်စာရင်း အများဆုံး လျာထားခံခဲ့ရသည့် အစီအစဉ် ငါးခုတွင် Chernobyl က ၁၉ ဆု၊ Saturday Night Live က ၁၈ ဆု၊ Barry နှင့် Fosse/Verdon တို့က ၁၇ ဆုစီဖြင့် Game of Thrones နှင့် The Marvelous Mrs. Maisel တို့နောက်တွင် အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
ခြုံငုံ ဆန်ခါတင်စာရင်း အများ ဆုံး လျာထားခံခဲ့ရသည့် ပလက်ဖောင်းငါးခုတွင် HBO က ၁၃၇ ကြိမ်၊ Netflix က ၁၁၈ ကြိမ်၊ NBC က ၅၈ ကြိမ်၊ Amazon Prime Video က ၄၇ ကြိမ်နှင့် CBS က ၄၃ ကြိမ်တို့ဖြင့် အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။
လော့စ်အိန်ဂျလိစ် မြို့တွင်းရှိ မိုက်ခရိုဆော့ဖ်ပြဇာတ်ရုံတွင် ကျင်းပမည့် အမ်မီဆုပေးပွဲသည် အစီအစဉ် တင်ဆက်သူ မပါဝင်သော လေးကြိမ်မြောက် ဆုပေးပွဲလည်း ဖြစ် လာမည်ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ထိုဆုများအား စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး Television Academy ၏ အဖွဲ့ဝင် ၂၅၀၀၀ ကျော်က မဲပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်