မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်နေသည့် International Challenge ကြက်တောင် ပြိုင်ပွဲကို စက်တင်ဘာ ၂ရရက်က မော်လ်ဒိုက်နိုင်ငံ၌ ဆက်လက်ကျင်းပရာ ဆီမီးဖိုင်နယ် တက်ရောက်သွားကြောင်း သိရသည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ဆီဒင် ၂ သတ်မှတ်ခံထားရသည့် ကနေဒါ ကစားသမား ဘရစ်တနေးတမ်နှင့် တွေ့ဆုံ ခဲ့ပြီး (၂-၁) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၁-၁၉ မှတ်၊ ၁၄-၂၁ မှတ်၊ ၂၁-၉ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ပထမပွဲငယ်တွင် အကြိတ်အနယ်ကစားပြီးမှ အနိုင်ရခဲ့သလို ဒုတိယပွဲငယ်တွင် အရေးနိမ့်ခဲ့သောကြောင့့် နောက်ဆုံးပွဲငယ်အထိ ယှဉ်ပြိုင်ခဲ့ရ ခြင်းဖြစ်သည်။ တတိယပွဲငယ်တွင် သက်ထား သူဇာသည် လက်ရည်အသာဖြင့် ကစားကာ အမှတ်ပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် ကစားသမား ဗူသီထရန်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၂၈ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်သည်။ သက် ထားသူဇာနှင့် ဗူသီထရန်သည် ဇူလိုင်က နိုင် ဂျီးရီးယားနိုင်ငံ၌ ကျင်းပသည့် International Challenge ပြိုင်ပွဲ ပထမအဆင့်တွင် တွေ့ဆုံ ဖူးပြီး သက်ထားသူဇာအနေဖြင့် ယင်းပွဲ ရှုံး ကြွေးပြန်ဆပ်ကာ ဗိုလ်လုပွဲတက်ရောက်နိုင် ရန် ကြိုးပမ်းရမည်ဖြစ်သည်။ သက်ထားသူဇာသည် ယခင်ယှဉ်ပြိုင်ခဲ့သည့် International Challenge ပြိုင်ပွဲတွင် ရလဒ်မကောင်းခဲ့ သော်လည်း ယခုပြိုင်ပွဲတွင် လက်စွမ်းပြကာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာက အဆင့် ၅၅ နေရာအထိ ရောက်ရှိလာကြောင်း သိရသည်။ သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျို အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ် (BWF) က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။ သက်ထားသူဇာသည် BWF က နောက်ဆုံးထုတ်ပြန်သည့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၅,၀၉၀ ဖြင့် အဆင့် ၅၅ နေရာသို့ တက်လှမ်းလာခြင်းဖြစ်သည်။ BWF သည် အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်များကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး သက်ထားသူဇာအနေဖြင့် ဇွန်လအထိ အဆင့်သတ်မှတ်ချက် အဆင့် ၈၀ ကျော် ၌သာ ရှိနေသော်လည်း ဇူလိုင်မှစတင်ကာ အဆင့် ၅၀ နှင့် ၆၀ ကျော်တွင် ရပ်တည်နိုင်ခဲ့ သည်။ ၎င်းသည် အမြင့်ဆုံးရပ်တည်မှုအဖြစ် ဇူလိုင် ၉ ရက်က ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၄ နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။
BWF ၏ သတ်မှတ်ချက်အရ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အဆင့် ၃၈ အတွင်း ရပ်တည်နိုင်သည့် ကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဝင်ခွင့်ရသည့်ကစားသမားများကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်တွင် ထုတ်ပြန်မည်ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်