ဘောလိဝုဒ် ထိပ်တန်းမင်းသားတစ်လက်ဖြစ်သည့် အက်ရှေးကူးမား၏ အိပ်မက်က ရုပ်ရှင်မင်းသားဖြစ်ရန် မဟုတ်ပေ။ထိုအကြောင်းနှင့်ပတ်သက်ပြီး အက်ရှေးက ၎င်းပါဝင် သရုပ်ဆောင်ထားသည့် Bade Miyan Chote Miyan ဇာတ်ကား မပြသမီ အင်တာဗျူးတစ်ခုတွင် သရုပ်ဆောင်လောကသို့ မဝင်ရောက်ဖြစ်ခဲ့ပါက သေချာပေါက် ရေတပ် သို့မဟုတ် လေတပ်ထဲသို့ ဝင်ဖြစ်ခဲ့လိမ့်မည်ဟု ၎င်း၏တချိန်က ဆန္ဒကို ဖွင့်ဟပြောခဲ့သည်။
အနုပညာလောကသို့ ခြေမချမီ အက်ရှေးကူးမားသည် နယ်ပယ်စုံ အလုပ်လုပ်ကိုင်ခဲ့သည်။ဘန်ကောက်တွင် စားပွဲထိုးအဖြစ် ၎င်းအလုပ်လုပ်ခဲ့သေးသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။အချို့သတင်း များကမူ အက်ရှေး မော်ဒယ်အလုပ်ကို ဝင်လုပ်ခဲ့သည်ဟု ဆိုကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ အက်ရှေးသည် ဘောလိဝုဒ်လောကတွင် ဒိတ်ဒိတ် ကြဲအောင်မြင်နေသော်လည်း အနုပညာ လောကသို့ဝင်ရန် ဆန္ဒမရှိခဲ့ဆိုသည့် ဖွင့်ဟချက်က အံ့သြစရာပင် ဖြစ်သည်။ကံကြမ္မာကသာ ၎င်းကို အနုပညာလောကသို့ တွန်းပို့ခဲ့သူ ဖြစ်သည်။
အင်တာဗျူးတွင်အက်ရှေးက “ကျွန်တော်မင်းသားသာ မဖြစ်ခဲ့ဘူးဆိုရင် သေချာပေါက် စစ်တပ်ထဲကို ဝင်ခဲ့မှာ။ ရေတပ် ဒါမှမဟုတ် လေတပ်ထဲ ဝင်ချင်ခဲ့တာ။ဒါပေမယ့် ကံကြမ္မာက ကျွန်တော့်ကို ရုပ်ရှင်တွေထဲတွန်း ပို့ခဲ့တယ်” ဟု ပြောသည်။
အက်ရှေး၏ ဖခင်ကလည်း စစ်တပ်အရာရှိပင်ဖြစ်သည်။ထို့ကြောင့် စစ်တပ်အရာရှိများအား အက်ရှေးက ကူညီလေ့ရှိခြင်း ၊ ငွေကြေးထောက်ပံ့ ပေးခြင်းများက အထူးအဆန်းတော့ မဟုတ်ပေ။
စစ်တပ်အရာရှိဖြစ်ချင်ခဲ့သည့် အက်ရှေးကို အက်ရှင်ဇာတ်ကား Bade Miyan Chote Miyan တွင် စစ်တပ်အရာရှိနေရာမှ မြင်ရမည်ဖြစ်ပြီး ယင်းဇာတ်ကားက ဧပြီ ၁၁ ရက်တွင် စတင်ရုံတင်မည်။တွဲဖက်သရုပ် ဆောင်များအဖြစ် မင်းသားတိုက်ဂါးရှရော့ဖ် နှင့် မင်းသမီးဆိုနမ်ကပူးတို့ ပါဝင်ထားသည်။
အက်ရှေး ကိုယ်ပိုင်ဂျက်လေယာဉ် ပိုင်သည်ဆိုသည့် သတင်းများ ၂၀၂၂ ခုနှစ်က ထွက်လာခဲ့ပြီး ရူပီးကုဋေ ၂၆၀ တန် ဂျက်လေယာဉ်ဟု သတင်းဝက်ဘ်ဆိုဒ်တစ်ခုက ဖော်ပြခဲ့ကာ အက်ရှေးဘက်က ငြင်းလည်းငြင်း၊ ပြန် လည်းဝေဖန်ခဲ့သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်