Top News

ကင်ကာဒစ်ရှန်က ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘာ့ဂ်ကို ချီးကျူးခဲ့ပြီး ၎င်းနှင့် တွေ့ဆုံချင်သည်ဟု ပြောကြား
24htopnews | May 4, 2024 8:12 AM CST

ဖြစ်ရပ်မှန်ရုပ်သံ အစီအစဉ်တင်ဆက်သူ ကင်ကာဒစ်ရှန်က ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသည့် ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘာ့ဂ်ကို အလွန်အမင်း ချီးကျူးခဲ့ပြီး  ဂရီတာသည် ရဲရင့်ပြီး အံ့အားသင့်စရာကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်ဟု အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

 ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ၎င်း၏ စိုးရိမ်ပူပန်မှု အကြောင်းကိုလည်း ကာဒစ်ရှန်က ဝေမျှခဲ့သည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂညီလာခံတွင်  ကမ္ဘာ့ခေါင်းဆောင်များကို ဝေဖန်ရှုတ်ချခဲ့သည့် သွန်းဘာ့ဂ်နှင့် ညစာသုံးဆောင်ချင်သည်ဟုလည်း အသက် ၃၈ နှစ်အရွယ်ရှိ ကာဒစ်ရှန်က အာမေးနီးယားသို့ သွားရောက်စဉ် ရိုက်စ်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ ရာသီဥတုပြောင်းလဲမှုက အလွန်အ မင်းစိုးရိမ်ရတဲ့ပြဿနာတစ်ခုပါ” ဟု အာမေးနီးယားနိုင်ငံ၏ မြို့တော် Yerevan တွင် ပြုလုပ်ခဲ့သည့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကမ္ဘာ့့ကွန်ဂရက် (WCIT) သို့ တက်ရောက်ခဲ့သည့် ကာဒစ်ရှန်က ပြောကြားခဲ့သည်။

ကာဒစ်ရှန်က သွန်းဘာ့ဂ်၏ မိဘများနှင့်လည်း တွေ့ဆုံစကားပြောလိုသည်ဟုလည်း ပြောကြားခဲ့သည်။ Instagram တွင် followr သန်း ၁၅၀ ခန့်ရှိသော ကင်ကာဒစ်ရှန်က လူမှုမီဒီယာတွင် သြဇာလွှမ်းမိုးမှု ရှိ အောင် မည်သို့လုပ်ဆောင်ရသည်ဆိုသော ၎င်း၏ အတွေ့အကြုံများကို သွန်းဘာ့ဂ်၏ မိဘများကို ပြောပြချင်သည်ဟုလည်း ပြောကြားခဲ့သည်။

ကင်ကာဒစ်ရှန်၏ အာမေးနီးယားခရီးစဉ်အတွင်း ၎င်း၏ ကလေးလေးဦးအနက် သုံးဦးကို အောက်တိုဘာ ၇ ရက်တွင် Echmiadzin ဘုရားကျောင်း၌ ရေဖျန်းမင်္ဂလာ ပြုလုပ်ပေးခဲ့သည်။ ၎င်း၏ သမီးအကြီးဆုံး ဖြစ်သည့် နော့သ်သည် ၂၀၁၅ ခုနှစ်တွင် ဂျေရုဆလင်ရှိ အာမေးနီးယား ဘုရားရိုခိုးကျောင်းတစ်ခုတွင် ရေဖျန်းမင်္ဂလာ ပြုလုပ်ပေးခဲ့သည်။

၎င်း၏ မိသားစုဝင်အားလုံးသည် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အလွန်အမင်း သတိရှိသူများ ဖြစ်သည်ဟု ကာဒစ်ရှန်က ပြောကြားခဲ့သည်။ ဖြစ်ရပ်မှန် အစီအစဉ်တင်ဆက်သူအဖြစ်မှ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာသည့် ကင်ကာဒစ်ရှန်က နိုင်ငံရေးလောကသို့ ဝင်ရောက်မည့် အစီအစဉ် မရှိကြောင်းလည်း ပြောကြားခဲ့သည်။ ကာဒစ်ရှန်က အလုပ်အလွန်များသည့် လုပ်ငန်းစဉ်များကြောင့် ပညာသင်ကြားမှုအတွက် စိန်ခေါ်မှုများရှိသော်လည်း ရှေ့နေတစ်ဦးဖြစ်လာရန် ပြီးဆုံးအောင် သင်ယူမည်ဟု ဆုံးဖြတ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK