လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည့် နိုင်ငံတွင် ဖျော်ဖြေပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့မှုအတွက် ဝေဖန်ခံခဲ့ရသော်လည်း တောင်ကိုရီးယားအမျိုးသားအဆိုအဖွဲ့ BTS သည် ဆော်ဒီအာရေဗျရှိ King Fahd အားကစားရုံ၌ အောက်တိုဘာ ၁၁ ရက်တွင် ဖျော်ဖြေပွဲကျင်းပခဲ့သည်။
Bangtan Boys ဟုလည်းခေါ်ဆိုသည့် BTS အဖွဲ့သည် ဆော်ဒီရှိ အားကစားရုံတွင် ဖျော်ဖြေပွဲပြုလုပ်သည့် ပထမဆုံးနိုင်ငံခြားအဆိုတော်အဖွဲ့လည်းဖြစ်သည်။ အမျိုးသားအဆိုတော် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့ကို ဆော်ဒီတွင် ဖျော်ဖြေပွဲပြုလုပ်ရန်အ တွက် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ BTS အ ဖွဲ့၏ ဖျော်ဖြေပွဲနေ့မတိုင်မီ မြို့တော်ရီယာ့ဒ်ရှိ ထင်ရှားသည့် အဆောက်အအုံများတွင် BTS အဖွဲ့၏ လက္ခဏာဖြစ်သော ခရမ်းရောင်မီးများဖြင့် အလှဆင်ခဲ့သည်။
BTS အဖွဲ့သည် ဆော်ဒီအာရေဗျတွင်လည်း ပရိသတ်အခိုင်အမာရရှိထားသည့် ကေပေါ့ပ်အဖွဲ့ဖြစ်ပြီး ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်များ အကုန်ရောင်းထွက်ခဲ့သည်ဟု ယင်းအဖွဲ့၏အေဂျင်စီ Big Hit Entertainmnet က ထုတ်ပြန်ခဲ့သည်။
သုံးနာရီနီးပါးကြာမြင့်သည့် ယင်းဖျော်ဖြေပွဲကို BTS အဖွဲ့က Dionysus သီချင်းဖြင့် စတင်ခဲ့သည်။ ပရိသတ်များသည် BTS အ ဖွဲ့၏ Fire ၊ Idol နှင့် Fake Love သီချင်းများ ကို စည်းချက်ညီညီ လိုက်ပါသီဆိုခဲ့ကြသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
ခေါင်းဆောင်အဆိုတော် RM က “ဒီ ဖျော်ဖြေပွဲဟာ BTS အဖွဲ့ရဲ့ ပရိသတ်တွေ (Army) ကာလကြာစောင့်မျှော်နေတဲ့ ဖျော်ဖြေပွဲပါ။ ဒီဖျော်ဖြေပွဲကို လွယ်လွယ်နဲ့ဆုံးဖြတ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
BTS အဖွဲ့ဝင်များသည် အဖွဲ့လိုက် ဖျော်ဖြေမှုအပြင် တစ်ဦးချင်းစီလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။ အောက်တိုဘာ ၁၃ ရက် တွင် ကျရောက်မည့် အဖွဲ့ဝင် Jimin အတွက် ယင်းဖျော်ဖြေပွဲတွင် BTS အဖွဲ့ဝင်များနှင့် ပရိသတ်များက မွေးနေ့သီချင်း စုပေါင်းသီဆိုပေးခဲ့ကြသည်။
အချိန်တိုအတွင်း ကေပေါ့ပ်ထိပ်တန်း အဆိုတော်အဖွဲ့အဖြစ် အောင်မြင်မှုရရှိခဲ့သည့် BTS အဖွဲ့သည် သြဂုတ်နှင့် စက်တင်ဘာအတွင်း သီတင်းငါးပတ်ကြာ အနားယူခဲ့ပြီးနောက် ဆော်ဒီတွင်ပြုလုပ်သည့် ဖျော်ဖြေပွဲဖြင့် Speak Yourself ဖျော်ဖြေပွဲများကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ အားကစားရုံများတွင်သာ ပြုလုပ်သည့် ယင်းဖျော်ဖြေပွဲခရီးစဉ်ကို အောက်တိုဘာ ၂၉ ရက်တွင် ဆိုးလ်ရှိ အိုလံပစ်အားကစားရုံ၌ ပိတ်သိမ်းမည်ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်