အမေရိကန်သရုပ်ဆောင် ဇိုဝီခရာဗက်ဇ်သည် သရုပ်ဆောင် ရောဘတ်ပက်တင်ဆန်လည်းပါဝင်မည့် Batman ဇာတ်ကားသစ်တွင် Catwoman အဖြစ် သရုပ်ဆောင်မည်ဖြစ်ကြောင်း Warner Bros ကုမ္ပဏီမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
HBO ရုပ်သံ၏ ရုပ်သံဒရာမာ Big Little Lies တွင် မကြာသေးမီက ပါဝင်သရုပ်ဆောင်ထားသည့် ခရာဗက်ဇ်သည် ရော့ခ်စတားလင်နီခရာဗက်ဇ်၏ သမီးဖြစ်သည်။ ရုပ်ပြစာအုပ်များ၌ လင်းနို့လူသား၏ ရန်သူအဖြစ်ရော ချစ်သူအဖြစ်ပါ ပုံဖော်ထားသည့် Chatwoman ဇာတ်ကောင်နေရာတွင် ခရာဗက်ဇ်က သရုပ်ဆောင်မည်ဖြစ်သည်။
Catwoman ဇာတ်ကောင်ဖြစ်သည့် ဆယ်လီနာကိုင်လီနှင့် ထပ်တူသရုပ်ဆောင်ခဲ့သော ဟယ်လီဘယ်ရီ၊ အန်းဟာသာဝေးနှင့် မီချယ်လီဖေးဖာတို့ကဲ့သို့ ထိပ်တန်းသရုပ်ဆောင်များကဲ့သို့့ပင် ခရာဗက်ဇ်ပါဝင်မည့် Batman ဇာတ်ကားသစ်ကို ၂၀၂၁ ခုနှစ်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။
၂၀၁၇ ခုနှစ်တွင် The Lego Batman ဇာတ်ကား၌ Catwoman အဖြစ် အသံဖြင့်သရုပ်ဆောင်ခဲ့သည့် အသက် ၃၀ ရှိပြီဖြစ်သော ခရာဗက်ဇ်သည် Warner မှ ထုတ်လုပ်သော Fantastic Beasts ဇာတ်ကားများတွင်လည်း ပါဝင်ခဲ့ဖူးသည်။
Batman ၏ နောက်ထပ်နာမည်ဆိုးဖြင့် ကျော်ကြားသောပြိုင်ဘက်၏အကြောင်း မူရင်းဇာတ်လမ်းကို ထောက်ပံ့ပေးထားသည့် Joker ဇာတ်ကားသည် မြောက်အမေရိကတွင် အောက်တိုဘာ၌ လက်မှတ်ရောင်းချရမှု ဝင်ငွေများစံချိန်ချိုးခဲ့ပြီး စီးပွားရေးအရ အလွန်အမင်း အောင်မြင်ခဲ့ပြီးနောက် ခရာဗက်ဇ် သရုပ်ဆောင်မည့်သတင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ Planet of Apes နောက်ဆက်တွဲ ဇာတ်ကားနှစ်ကား၏ နောက်ကွယ်တွင် ပါဝင်ခဲ့သည့် မက်ရီးဗက်စ်က Batman ဇာတ်ကားသစ်ကို ရိုက်ကူးမည်ဖြစ်သည်။
ဘရုစ်ဝိန်းဟု အသိများသော လင်းနို့လူသားဇာတ်ကောင်နေရာတွင် သရုပ်ဆောင်သွားမည်ဟု Twilight ဇာတ်ကားများ၏ ထိပ်တန်းသရုပ်ဆောင် ပက်တင်ဆန်က ယခုနှစ်အစောပိုင်းက ကြေညာထားပြီးဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် Batman v Superman: Dawn of Justice ဇာတ်ကားနှင့် ၂၀၁၇ ခုနှစ်တွင် Justice League ဇာတ်ကားများ၌ ၀ိန်းအဖြစ် သရုပ်ဆောင်ခဲ့ပြီးနောက် အနားယူသွားခဲ့သည့် သရုပ်ဆောင် ဘင်အက်ဖ်လက်နေရာတွင် ပက်တင်ဆန်က အစားထိုးသရုပ်ဆောင်မည်ဖြစ်သည်။
အက်ဖ်လက်သည် Batman ဇာတ်ကားသစ်အား ရိုက်ကူးရန် စီစဉ်ခဲ့ပြီးမှ နုတ်ထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရီးဗက်စ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် Jonah Hill သည်လည်း ထိုဇာတ်ကားသစ်တွင် ပါဝင်ရန် ချိတ်ဆက်ထားကြောင်း သိရသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်