သိပ္ပံအက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကား Gemini Man ဇာတ်ကားကို အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသလျက်ရှိကြောင်း သိရသည်။ သရုပ်ဆောင် Will Smith ကို ပို၍ငယ်သော ကာရိုက်တာဖြင့်ပါ တွဲဖက်တွေ့မြင်ရမည့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားအဖြစ် ကြည့်ရှုနိုင်မည် ဖြစ်သည်။ တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူ will smith သည် ၎င်းထက် ငယ်ရွယ်သည့်ကိုယ်ပွားတစ်ဦးအဖြစ် ဖန်တီးထားသူတစ်ဦးရှိနေပြီး ၎င်းကိုယ်တိုင်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းလာသည့်အခါ အဆိုပါမိမိ၏ကိုယ်ပွားအား မည်သူဖန်တီးခဲ့ကာ မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်းကို သိရှိစေရန်စုံစမ်း ထောက်လှမ်းမှုကို ပုံဖော်ထားသည့်ဇာတ်ကား ဖြစ်သည်။
ဒါရိုက်တာ Ang Lee ရိုက်ကူးထားသည့် Gemini Man ဇာတ်ကားတွင် သရုပ်ဆောင် Will Smith ၊ Mary Elizabeth Winstead ၊ Clive Owen တို့အဓိက ပါဝင်ထားသည်။ အောက်တိုဘာ ၁၁ ရက်တွင် နိုင်ငံတကာ၌ စတင်ပြသခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပြသခဲ့့ခြင်းဖြစ်သည်။ Will Smith ၏ဇာတ်ကားသစ်အား စောင့်မျှော်နေသူပရိသတ်များအတွက် စိတ်လှုပ်ရှားစရာ သိပ္ပံအက်ရှင်ဇာတ်ကား အဖြစ်ထွက်ရှိလာခြင်းဖြစ်ကာ ဇာတ်ရုပ်နှစ်မျိုးဖြင့် ခွဲထွက်တွေ့မြင်နိုင်မည် ဖြစ်သည်။ ဇာတ်ကားအစအဆုံးတွင် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ဝင်ခန်းများ ပါဝင်ထားသည်။ အက်ရှင်ခံစားမှုများအပြင် ဒရာမာဇာတ်ကားအဖြစ်ပါ ခံစားမှုများဖြင့် ကြည့်ရှုခွင့်ရမည့် ဇာတ်ကားတစ်ကားဖြစ်သည်။
Gemini Man ဇာတ်ကားကို JCGV ရုပ်ရှင်ရုံများနှင့် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများတွင် ကြည့်ရှုအားပေးနိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့နှင့် လားရှိုးမြို့များတွင်လည်း ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြသလျက်ရှိသောရုပ်ရှင်ရုံများမှာ နေပြည်တော်၊ မင်္ဂလာ စံပြ၊ မင်္ဂလာဂမုန်းပွင့် (လှည်းတန်း-စံရိပ်ငြိမ်)၊ မင်္ဂလာတာမွေ-ဘုရင့်နောင်၊ Mingalar Cinema Gold Class ၊ မန္တလေးမင်္ဂလာဒိုင်းမွန်း၊ လားရှိုးအောင်သီရိတို့နှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ JCGV ရုပ်ရှင်ရုံ များတွင် ပြသလျက်ရှိသည်။ နိုင်ငံတကာတွင် ပရိသတ်စိတ်ဝင်စားရရှိထားသည့် အဆိုပါ ဇာတ်ကားအားပြည်တွင်းတွင်လည်း နိုင်ငံတကာနှင့် တစ်ပြိုက်နက်တည်း ရုံတင်ပြသနေခြင်း ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်