Top News

၂၀၁၉ ခုနှစ် ကေပေါ့ပ်ပွဲတော်တွင် ကမ္ဘာတစ်ဝန်းမှ အဖွဲ့ ၁၃ ဖွဲ့ ယှဉ်ပြိုင်
24htopnews | May 4, 2024 8:12 AM CST

၂၀၁၉ ခုနှစ် ကေပေါ့ပ်ပွဲတော်တွင် ကမ္ဘာတစ်ဝန်းမှ အဖွဲ့ ၁၃ ဖွဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပူးတွဲစီစဉ်ကျင်းပခဲ့သည့် ယင်းပွဲတော်ကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့သည်။ အကြိုပြိုင်ပွဲများတွင် နိုင်ငံ ၈၀ မှအဖွဲ့ ၆,၄၀၀  ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲအတွက် သြစတြေးလျ၊ ကျူးဘား၊ အမေရိကန်၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံတို့မှ အဖွဲ့တစ်ဖွဲ့စီ အပါအဝင် စုစုပေါင်း ၁၃ ဖွဲ့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။  အဆိုပါ အဖွဲ့ ၁၃ ဖွဲ့တွင် စုစုပေါင်းအဖွဲ့ဝင် ၆၃ ဦး ပါဝင်သည်ဟု  ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များသည် ကေပေါ့ပ်ဖျော်ဖြေတင်ဆက်မှုကို လေ့ကျင့်သင်ကြားရန်နှင့် ကိုရီးယားယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် ပြိုင်ပွဲမကျင်းပမီ နှစ်ပတ်အလိုတွင် တောင်ကိုရီးယားသို့ ကြိုတင်ရောက်ရှိခဲ့သည်။

ယခုနှစ် ကေပေါ့ပ်ပွဲတော်ကို South Gyeongsang ပြည်နယ်၊ Changwon မြို့ရှိ  Changwon အားကစားပန်းခြံတွင် အောက်တိုဘာ ၁၁ ရက်က စတင်ခဲ့သည်။ ယခုနှစ်ပွဲတော်တွင် Red Velvet  ၊ Momoland ၊ Tomorrow X Together ၊ Monsta X နှင့်  Itzy အဖွဲ့အပါအဝင် ထိပ်တန်းကေပေါ့ပ်အဖွဲ့များ ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။

“ ကေပေါ့ပ် အိုလံပစ်ပွဲတစ်ဖွဲ့ကို ကြည့်ရသလိုမျိုးပါပဲ” ဟု ယင်းပြိုင်ပွဲတွင် အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည့် ITZY အဖွဲ့၏အဖွဲ့ဝင် Lia က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ကေပေါ့ပ်ပွဲတော်တွင် ထိုင်းနိုင်ငံမှ K-BOY အဖွဲ့က ထိပ်တန်းဆုကို ရရှိခဲ့ပြီး တောင်အာဖရိကမှ Lindsay Ketlego Setkena က People`s Choice ဆုကို ရရှိခဲ့သည်။

Korean Wave ဟု ခေါ်ဆိုသည့် ကိုရီးယားယဉ်ကျေးမှုသည် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလများမှ စတင်ပြီး အာရှတစ်ဝန်းတွင် လွှမ်းမိုးခဲ့သည်။ ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အောင်မြင်မှုနှင့်အတူ မျက်မှောက်ကာလတွင် ကေပေါ့ပ်အနုပညာလုပ်ငန်းသည် ဒေါ်လာ ငါးဘီလျံ ခန့် ဝင်ငွေ ရှာဖွေနိုင်ခဲ့သည်။

ကေပေါ့ပ်ဂီတ၏ အောင်မြင်မှုနှင့် ခမ်းနားမှုတို့၏ နောက်ကွယ်တွင် အကြိတ်အနယ် ပြိုင်ဆိုင်မှု၊ ကိုယ်ပိုင်အချိန်ရရှိမှု နည်းပါးမှု၊  အွန်လိုင်းတွင်အနိုင်ကျင့်ခံရမှု၊ မည်သည့် အခြေအနေမျိုးမဆို အဆင်ပြေသည့် ပုံစံမျိုးနေထိုင်ရမှုစသည့် ဖိအားများလည်း ရှိနေခဲ့သည်။

 


READ NEXT
Cancel OK