ယခုနှစ်တွင် ပြုလုပ်မည့် ကိန်းရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံးဆုတစ်ဆုဖြစ်သည့် Palme d’Or ထိပ်သီးဆုကို ရွေးချယ်ချီးမြှင့်ရန်အတွက် ပြင်သစ်မင်းသားကြီး ဗင်းဆင့် လင်ဒန်က အဓိကအကဲဖြတ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သွားမည်ဟု ပွဲစီစဉ်သူများက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ဆုရရှိခဲ့သည့် Titane ရုပ်ရှင်တွင်ပါဝင်သည့် လင်ဒန်အောက်ရှိ အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က မေ ၁၇ ရက်မှ ၂၈ ရက်အတွင်း ကျင်းပမည့် ရုပ်ရှင်ပွဲတော်၌ အဓိက ပါဝင်ယှဉ်ပြိုင်သည့် ရုပ်ရှင်ဇာတ်ကား၂၁ ကားမှ ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၆၂ နှစ်အရွယ် လင်ဒန်နှင့်အတူ နောက်ထပ် ဒိုင်လူကြီး ရှစ်ဦးက ထိပ်သီးဆုအတွက် ရွေးချယ်သွားမည်ဖြစ်သည်ဟု သိရသည်။
၎င်းတို့မှာ ဗြိတိန်သရုပ်ဆောင်နှင့် ဒါရိုက်တာ ရေဘက်ကာဟော၊ အိန္ဒိယသရုပ်ဆောင် မင်းသမီးဒီပီကာ ပဒူကုန်း၊ ဆွီဒင်မင်း သမီး နူမီရာပေ့စ်၊ အီတလီမင်းသမီးနှင့် ဒါရိုက်တာ ဂျက်စ်မင်း ထရီကာ၊ အီရန်ဒါရိုက်တာ အက်စ်ဂါ ဖာဟာဒီ၊ ပြင်သစ်ဒါရိုက်တာ လာဒီလင်း၊ အမေရိကန် ဒါရိုက်တာ ဂျက်ဖ်နီကိုးလက်စ်နှင့် နော်ဝေးဒါရိုက်တာ ဂျိုအာချင် တိုင်ယာတို့ ဖြစ်သည်။
ယခုနှစ်တွင် ပြုလုပ်မည့် ၇၅ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်အတွက် ရုပ်ရှင်များသည် ရေပန်းစားနေသည့် လွတ်လပ်သောရုပ်ရှင်ဇာတ်ကား ဒါရိုက်တာများနှင့် ဟောလိဝုဒ်၏ ကြီးကျယ်ခမ်းနားမှုတို့ ရော ထွေးလျက်ရှိသည်။
ကနေဒါ ခြောက်ခြားဖွယ် ရုပ်ရှင်များဖြင့် လူသိများထင်ရှားသူ ဒါရိုက်တာ ဒေးဗစ် ခရွန် နန်ဘာ့ဂျ်၊ အမေရိကန် ဒါရိုက်တာ ဂျိမ်းစ် ဂရေးနှင့် ပြင်သစ်ဒါရိုက်တာ ကလဲယာ ဒန်းနစ်တို့က Palme d’Or အတွက် ယှဉ်ပြိုင်သူများ တွင် ပါဝင်နေသည်။
ခရစ်စတင်းစတီးဝက်၊လီယာဆေးဒိုစ့် နှင့် ဗစ်ဂို မော်တန်ဆန်တို့ ပါဝင်ထားသည့် ခရွန်နန်ဘာ့ဂျ်၏ သိပ္ပံ/ကြောက်မက်ဖွယ် ဇာတ်လမ်းCrimes of the Future ၊ တာရွန် အီဂါတန်နှင့် ရောဘတ် ပက်တင်ဆန်တို့ပါ ဝင်ထားသော ဒါရိုက်တာ ဒန်းနစ်၏သည်း ထိတ်ရင်ဖိုဇာတ်ကား The Stars at Noon နှင့် အန်နီ ဟယ်သာဝေး၊ အော်စကာ အိုင်းဆက်၊ ကိတ်ဘလန့်ချ် နှင့် အန်သိုနီ ဟော့ကင်းတို့ ပါဝင်ထားသည့် ဂရေး၏ Armageddon ဇာတ်ကားတို့က ထိပ်သီးဆုအတွက် ရွေးချယ်မှုတွင်ပါဝင်နေသည်။
ယင်း ကိန်းရုပ်ရှင်ပွဲတော်ကို မင်းသား တွမ်ခရုစ်လည်း တက်ရောက်သွားမည်ဟု သိရသည်။
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ
-
မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားဖြင့်လှမ်းထိုးကာ လုယက်ရန် ကြံစည်