ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ဇနီး မက်ဂန်မာကယ်သည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးရုပ်သံ talk show တစ်ခုတွင်ပါဝင်ခဲ့သည်။
Sussex မြို့စားကတော်ဟောင်း မက်ဂန်က The Ellen Degeneres Show အစီအစဉ်တွင် ပါဝင်လာခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို အမေရိကန်တွင် နိုဝင်ဘာ ၁၈ ရက်က ပြသလိုက်သည်။
မတ်လက အော်ပရာဝင်းဖရေးနှင့် အင်တာဗျူးတွင် တော်ဝင်မိသားစုအတွင်း ၎င်းတို့၏အဆင်မပြေမှုများကို ဇနီးမောင်နှံနှစ်ဦး ပွင့်လင်းစွာ ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ယခုအစီအစဉ်သည် မာကယ်အတွက် ပထမဆုံး ရုပ်သံတင်ဆက်မှု ဖြစ်သည်။
အမေရိကန်ရုပ်ရှင်မင်းသမီးဟောင်း မက်ဂန်သည် ၂၀၁၈ ခုနှစ်တွင် တော်ဝင်မင်းသားဟယ်ရီနှင့်လက်ထပ်ကာ မင်းသမီးအလုပ်ကို စွန့်လွှတ်ခဲ့သူဖြစ်ပြီး တော်ဝင်အလုပ်တာဝန်များမှ နုတ်ထွက်ကာ ၂၀၂၀ ခုနှစ်တွင် ၎င်းတို့ဇနီးမောင်နှံ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ
-
မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားဖြင့်လှမ်းထိုးကာ လုယက်ရန် ကြံစည်