ဒီဇင်ဘာတွင် ထုတ်လွှင့်ပြသတော့မည့် Don’t Look Up ရုပ်ရှင်ဇာတ်ကား စ်အမြည်းကို Netflix က ပြသလိုက်ပြီ ဖြစ်သည်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး လီယိုနာဒို ဒီကာပရီယိုနှင့် ဂျနီဖာလောရန့်စ်တို့ ခေါင်းဆောင်ပါဝင်ထားသည်။
နက္ခတ္တဗေဒပညာရှင် ဒေါက်တာရန် ဒယ်လ်မင်ဒီ (လီယိုနာဒို)နှင့် ၎င်း၏တပည့် ကိတ်ဒီဘီယာ စကီ(လောရန့်စ်)တို့နှစ်ဦးက ကမ္ဘာမြေကို ကြယ်တံခွန်တစ်ခုက လာတိုက်နိုင်ကြောင်း သမ္မတဂျေနီအော်လန် (မယ်ရဲလ်စတြိ)နှင့် ပေါ့ပ်စတားရိုင်လေဘီနာ (အာရီယန်နာဂရန်ဒီ)အပါအဝင် လူအားလုံး ယုံကြည်လာအောင် ကြိုးစားသတိပေးခဲ့သည့် ဇာတ်လမ်းဖြစ်သည်။
ရော့ဘ်မော်ဂန်၊ တိုင်လာပယ်ရီ ၊ကိတ်ဘလန်းချတ်တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ဒါရိုက်တာ အဒမ်မက်ကေက ဇာတ်ညွှန်းရေးရိုက်ကူးထားကာ Netflix တွင် ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြသမည်ဖြစ်သည်။ ထိုသို့မပြမီ ဒီဇင်ဘာ ၁၀ ရက်တွင် အရင်ရုံတင်မည်ဖြစ်သည်။
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ
-
မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားဖြင့်လှမ်းထိုးကာ လုယက်ရန် ကြံစည်