ဗီဂျေဒီဗရာကွန်ဒါနှင့် တွဲဖက်ပြီး မိုက်တိုင်ဆန် ဘောလိဝုဒ်ရုပ်ရှင် ရိုက်ကူးနေ
24htopnews | April 13, 2024 9:12 PM CST
အိန္ဒိယမင်းသား ဗီဂျေဒီဗရာကွန်ဒါသည် အမေရိကန်တွင် ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားတစ်ကား သွားရောက်ရိုက်ကူးလျက်ရှိပြီး ထိုဇာတ်ကားတွင် အမေရိကန်လက်ဝှေ့ အကျော်အမော်ဟောင်း မိုက်တိုင်ဆန်လည်း ပါဝင်သရုပ်ဆောင်ထားသည်။
မိုက်တိုင်ဆန်အတွက် တောင်ပိုင်းအိန္ဒိယရုပ်ရှင် ပထမဆုံးအကြိမ်သရုပ်ဆောင်မှုဖြစ်ပြီး Liger အမည်ရှိ ၎င်းဇာတ်ကားထဲတွင် အဓိကဇာတ်ကောင်နေရာမှ ပါဝင်ထားသည်။
ဇာတ်လမ်းထဲတွင် ဗီဂျေကကိုယ်ခံပညာတတ်ကျွမ်းသူတစ်ဦးဖြစ်ပြီး အဆိုပါဇာတ်ကောင်အတွက် ထိုင်းသို့သွားရောက်ပြီး ကိုယ်ခံပညာများလည်း သင်ယူခဲ့ရသည်။
ဟင်ဒီ-တယ်လူဂူ ဘာသာနှစ်မျိုးဖြင့် ရိုက်ကူးပြီး မင်းသမီးအနန်ညာပန်ဒေလည်း ပါဝင်သရုပ်ဆောင်ထားသည်။ နဂိုက ထိုဇာတ်ကားကို မင်းသား Jr NTR ဖြင့် ရိုက်ကူးရန်စီစဉ်ခဲ့သော်လည်း NTR က အခြားဇာတ်ကားများဖြင့် မအားသဖြင့် ဗီဂျေနှင့် ရိုက်ဖြစ်သွားခြင်းဖြစ်သည်။
READ NEXT
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ