တက္ကဆက်ပြည်နယ် ဟျူစတင်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ခဲ့သည့် Astroworld ဂီတပွဲတော်တွင် ချစ်သူရက်ပါအဆိုတော် ထရားဗစ်စကော့ ဖျော်ဖြေနေစဉ် လူနင်းခံရမှုများဖြစ်ပွားပြီး လူသေဆုံးမှုများ ဖြစ်ခဲ့သည့်အတွက် စိတ်ထိခိုက်ကြေကွဲရသည်ဟု ကိုင်လီဂျန်နာက ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၅ ရက်ညပိုင်းက အဆိုပါဂီတပွဲတော်အတွင်း စင်မြင့်ရှိရာသို့ပရိသတ်များ တိုးဝှေ့ရင်း လူနင်းခံရရာ ရှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ သေဆုံးသူများထဲ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ်နှစ်ဦး ပါနေသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အသက်၂၄ နှစ်အရွယ် မော်ဒယ်နှင့် TV personality ဖြစ်သူ ကိုင်လီဂျန်နာက သူမနှင့် ထရားဗစ်တို့ နှစ်ဦးစလုံး စိတ်ထိခိုက်ရကြောင်း၊ ထရားဗစ်သည် သူ၏ပရိသတ်များကို အလွန်အလေးထားသူ ဖြစ်ကြောင်း၊ ရှိုးပွဲပြီးသွားပြီးနောက် သတင်းထွက်လာတော့မှ လူသေမှုဖြစ်ခဲ့သည်ကို သူတို့သိခဲ့ရကြောင်း၊ မိသားစုဝင်အားလုံးနှင့် ထပ်တူဝမ်းနည်းနေရကြောင်း အင်စတာဂရမ်တွင် ရေးသားခဲ့သည်။
ထရားဗစ်နှင့် ဒုတိယကိုယ်ဝန်လွယ်ထားသည့် ဂျန်နာသည် ပထမရင်သွေးသုံးနှစ် သမီးလေး စတော်မီဝက်ဘ်စတာ၊ အစ်မကန်ဒဲလ်ဂျန်နာတို့နှင့်အတူ ထိုနေ့ကရှိုးပွဲတွင် ရှိနေခဲ့သည်။
စကော့သည် ပရိသတ်အချို့ဆေးဝါးအကူအညီလိုနေသည်ကို သိသိချင်းရှိုးပွဲကို မရပ်ခဲ့သည့်အတွက်လည်း ဝေဖန်ခံခဲ့ရသည်။ သို့သော် အခြေအနေ မည်မျှဆိုးမှန်း သူမသိခဲ့ဟု စကော့က ပြန်လည်ရှင်းလင်းထားသည်။
ဖြစ်စဉ်အသေးစိတ်ကို ဟျုစတင်ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နေပြီး ရှိုးပွဲအတွင်းပရိသတ်အုပ်ထဲမှတစ်ဦးက အခြားသူများကို ဆေးထိုးအပ်ဖြင့် လိုက်ထိုးခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်လာခဲ့သည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ