The Wanted အဖွဲ့ဝင် တွမ်ပါကာက ၎င်း၏ ဦးနှောက်အကျိတ်ရောဂါသည် လက်ရှိအချိန်တွင် သက်သာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကာက ၎င်းတွင် ခွဲစိတ်ကုသ၍ မရသော ဦးနှောက်အကျိတ်ဝေဒနာ ခံစားနေရကြောင်း ၂၀၂၀ ခုနှစ် အောက်တိုဘာလက ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် ပါကာသည် နိုဝင်ဘာ ၃ ရက်က ၎င်း၏ဇနီးဖြစ်သူ ကယ်ဆီဟာ့ဒ်စ်နှင့် ကလေးနှစ်ဦးတို့နှင့်အတူ ရိုက်ကူးထားသော ပြုံးရယ်နေသည့် ဓာတ်ပုံနှင့်အတူ ရောဂါအခြေအနေ အကြောင်းကို ထပ်မံထုတ်ပြန်ခဲ့သည်။
“ကျွန်တော် ဒီနေရာကနေ ဝမ်းသာမျက်ရည်တွေနဲ့ ပြောပြချင်တာကတော့ ကျွန်တော့်ရဲ့ ဦးနှောက်အကျိတ်အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အကျိတ်အခြေအနေ တည်ငြိမ်သွားပြီဖြစ်သည့်အဓိပ္ပာယ်မှာ ကင်ဆာရောဂါပျောက်ကင်းသွားပြီဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။
လွန်ခဲ့သည့်လက ပါကာသည် Channel 4 ရုပ်သံ၏ Stand Up To Cancer အစီအစဉ်တွင် လာရောက်ခဲ့ပီး ယင်းအစီအစဉ်မှရန်ပုံငွေ ပေါင် ၃၁,၁၆၉,၃၄၀ တည်ထောင်နိုင်ခဲ့သည်။
ယင်းအစီအစဉ်မစတင်မီက ပါကာသည် ၎င်း၏ဘဝကို ကင်ဆာရောဂါအား လွှမ်းမိုးခွင့်မပြုကြောင်း BBC Breakfast ကို ပြန်လည်ဖြေကြားခဲ့သည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ