Netflix ပရိသတ်များအကြား ရေပန်းစားခဲ့သည့် Emily In Paris ဇာတ်လမ်းတွဲ Season 3 ထွက်မည့်နေ့ကို တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။
Season 1 ကို ၂၀၂ဝခုနှစ်၊ အောက်တိုဘာတွင် ပြသခဲ့ပြီး Season 2 ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ပြသခဲ့ကာ လာမည့် Season 3 ကို ယခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် Netflix က ပြသမည်ဖြစ်သည်။
ပြင်သစ်မားကက်တင်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရန် ပဲရစ်သို့ရောက်သွားသည့် အမေရိကန်သူ အမ်မလီကူပါ (လီလီကောလင်းစ် သရုပ်ဆောင်ထား)ကို Season 2 တွင် အချစ်သစ်နှင့်မြင်ခဲ့ရပြီး အပြီးသတ်တွင် ချီကာဂိုသို့ ပြန်သွားရမည်လား၊ သို့မဟုတ် ပဲရစ်တွင် ဆက်နေရမည်လား အမ်မလီအတွက် အရွေးရခက်နေချိန် သူစိတ်မကုန်နိုင်ဖြစ်နေသည့် ဂါဘရီရယ်ကလည်း ရည်းစားဟောင်း (အမ်မလီ၏သူငယ်ချင်း) နှင့်ပြန်ပေါင်းထုပ်သွားသည့်ပုံစံဖြင့် အဆုံးသတ်ထားသည်။
Emily In Paris သည် Season 1 ပြသချိန်မှာပင် Netflix ၏လူကြည့်အများဆုံးဇာတ်လမ်းတွဲ ၁၀ ခုတွင် ပါဝင်ခဲ့ပြီး နိုင်ငံတကာပရိသတ်များအကြားလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။ Season 3 အပြင် Emily In Paris ပရိသတ်များအတွက် နောက်ထပ်ဝမ်းသာစရာက Season 4 ပါထွက်လာမည့်သတင်းဖြစ်သည်။
သို့သော် ဇာတ်ကောင်များ၏စရိုက်ရွေးချယ်ပုံနှင့်ပတ်သက်၍ Season 1 တွင် ပြင်သစ်လူမျိုးများက ချစ်သူများကို လှည့်စားတတ်သူများအဖြစ်၊ Season 2 တွင် ယူကရိန်းမင်းသမီးကို ဖက်ရှင်အမြင်မရှိသူ၊ အလစ်သုတ်သူအဖြစ် ပုံဖော်ထားခြင်းတို့ကြောင့် ပြင်သစ်တွင် ဝေဖန်မှုများရှိခဲ့ကာ ယူကရိန်းဘက်ကလည်း မကျေမနပ်ဖြစ်ခဲ့သည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ