အိုင်ယာလန်အမျိုးသားအဆိုတော်အဖွဲ့ဖြစ်သည့် Westlife က စင်ကာပူတွင် ဒုတိယအကြိမ် ဖျော်ဖြေပွဲပြုလုပ်မည့်ရက်ကို လူမှု မီဒီယာတွင် အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
Westlife အဖွဲ့က စင်ကာပူတွင်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ ဖျော်ဖြေပွဲအသစ်တစ်ရပ် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လက်မှတ်များကို အောက်တိုဘာ ၁၃ ရက်က ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် စတင်ရောင်းချခဲ့သည်။
လက်မှတ်ခစျေးနှုန်းများသည် စင်ကာပူဒေါ်လာ ၁၂၈ မှ ၂၅၈ ဒေါ်လာအထိရှိသည် ဟုဆိုသည်။
Westlife အဖွဲ့သည် အောက်တိုဘာ ၁ ရက်က FI စင်ကာပူကားပြိုင်ပွဲတွင် ဖျော်ဖြေခဲ့ပြီး နှစ်ရက်အကြာ၌ ၎င်းတို့၏ Wild Dreams ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဖေဖော်ဝါရီတွင် စင်ကာပူ၌ ဖျော်ဖြေပွဲတစ်ရပ် ပြုလုပ်ကျင်းပမည်ဟုထုတ် ပြန်ကြေညာခဲ့သည်။
Westlife အဖွဲ့သည် ကမ္ဘာလှည့် ဖျော်ဖြေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှား၊ ထိုင်း၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို တွေ့မြင်လိုတာကြောင့် အာရှမှာပြန်လည် ဖျော်ဖြေရမယ့်အပေါ် အမြဲတမ်းစိတ်လှုပ်ရှား မိပါတယ်။ ဒီဖျော်ဖြေပွဲခရီးစဉ်ဟာ အရင်ပြုလုပ်ခဲ့သမျှ ဖျော်ဖြေပွဲခရီးစဉ်တွေထက် ကျွန်တော်တို့အတွက် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်” ဟု Westlife အဖွဲ့က ထုတ်ပြန်ခဲ့သည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ