Top News

အီရန်အမျိုးသမီးထု၏ ဆန္ဒပြမှုများကို ထောက်ခံကြောင်းပြသခဲ့သည့် ပရီယန်ကာချိုပရာ ဝေဖန်ခံရ
24htopnews | April 6, 2024 12:13 AM CST

ဆန္ဒပြအီရန်အမျိုးသမီးများဘက်မှ ထောက်ခံရပ်တည်သည့် အရေးအသားများကြောင့် နာမည်ကျော်ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ပရီယန်ကာချိုပရာကို ဝေဖန်ရှုတ်ချသံများ ထွက်လာခဲ့သည်။

လတ်တလောအီရန်တွင် ဖြစ်နေသည့်ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး ပရီယန်ကာက  “သင်တို့ရဲ့သတ္တိနဲ့ရည်ရွယ်ချက်ကို ကျွန်မလေးစားမိတယ်။ ကိုယ့်ရဲ့အသက်ကိုရင်းပြီး ယောကျ်ားသားတွေကြီးစိုးတဲ့ အသိုင်းအဝိုင်းကို စိန်ခေါ်ဖို့၊ ကိုယ့်ရဲ့အခွင့်အရေးကို တိုက်ယူဖို့ဆိုတာ မလွယ်ဘူး” ဟု အင်စတာဂရမ်တွင် ထောက်ခံရေးသားထားကာ အားလုံးထုတ်ဖော်ပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့နောက်တွစ်တာတွင် ပရီယန်ကာက အိန္ဒိယအရေးကို အရေးမစိုက်ဟုယူဆသူများ၏ ဝေဖန်မှုများထွက်လာခဲ့ပြီး တွစ်တာအသုံးပြုသူတစ်ဦးက အီရန်အမျိုးသမီးများအရေးအပေါ် ပရီယန်ကာ၏အလေးထားမှုသည် လေးစားစရာကောင်းကြောင်း၊ သို့သော်၎င်းသည် မိခင်အိန္ဒိယနိုင်ငံတွင် အကြဉ်ခံထားရသည့်အမျိုးသမီးများအရေးကိုမူ နှုတ်ဆိတ်နေခဲ့ကြောင်း ရေးတင်ထားသည်။

နောက်တစ်ဦးကလည်း “ပရီယန်ကာ သင့်ရဲ့စိတ်ကူးပေါက်သလို တက်ကြွလှုပ်ရှားမှုဟာ အော်ဂလီဆန်စရာပဲ။ အိန္ဒိယမှာ ခေါင်းခြုံပုဝါဝတ်လို့ ပညာသင်ခွင့်မရတဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ဒုက္ခကို သင်မျက်နှာလွှဲနေနိုင်မှတော့ ခုလိုလုပ်ပြနေလည်း ဘာမှမထူးဘူး” ဟု ဝေဖန်ခဲ့သည်။ တစ်ဖက်တွင် ပရီယန်ကာဘက်မှ ကာကွယ်ပေးသူများလည်းရှိပြီး ပရီယန်ကာ၏လုပ်ဆောင်ချက်များကို အချို့လူများက လေ့လာခြင်းမရှိဟု ဆိုသည်။


READ NEXT
Cancel OK