ပဲရစ်ဟီလ်တန်က သူမ၏ မင်္ဂလာဆောင်အတွက် စီစဉ်ထားသည်များကို Jimmy Fallon ၏ The Tonight Show အစီအစဉ်မှတစ်ဆင့် အသိပေးပြောပြသွားခဲ့သည်။
ပဲရစ်ဟီလ်တန်၏ ခင်ပွန်းလောင်းက အသက် ၄၀ အရွယ် လုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်သည့် Carter Reum ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် သူတို့နှစ်ဦးသီးသန့် ကျွန်းတစ်ကျွန်းပေါ်၌ စေ့စပ်ပွဲပြုလုပ်ပြီးသားဖြစ်သည်။ ထိုနေ့က ဟီလ်တန်၏ အသက် ၄၀ ပြည့်မွေးနေ့ဖြစ်ပြီးဒိတ်ပြီး တစ်နှစ်အကြာတွင် စေ့စပ်လိုက်ခြင်းဖြစ်သည်။
သြဂုတ် ၁၇ ရက်က The Tonight Show အစီအစဉ်တွင် Jimmy Fallon က မင်္ဂလာပွဲတွင် သူမ၏ DJ အစွမ်းကို ပြမည်လားဟု ဟီလ်တန်အား မေးမြန်းခဲ့ရာ သေချာပေါက် DJ ပါမည်ဖြစ်ပြီး တီးဝိုင်းလည်းပါမည်ဖြစ်ကြောင်း၊ သုံးရက်ကြာ မင်္ဂလာပွဲဖြစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သူမသည် နာမည်ကျော် DJ တစ်ဦးလည်းဖြစ်သည်။
ပဲရစ်ဟီလ်တန်ပြောပြသွားသည့် ထပ်မံစိတ်ဝင်စားစရာအချက်တစ်ချက်က ဝတ်စုံပိုင်းပင်။ “ဝတ်စုံတွေအများကြီးပါမယ်၊ ၁၀ စုံလောက်ဖြစ်မယ်၊ ကျွန်မကဝတ်စုံတွေ ပြောင်းရတာကို ကြိုက်တယ်လေ” ဟု ဖွင့်ဟခဲ့သည်။
ထို့ပြင် Documentary စီးရီးတစ်ခုအဖြစ် လက်ထပ်ပွဲကို မှတ်တမ်းတင်ရိုက်ကူး ထားမည်ဖြစ်ပြီး Peacock ရုပ်သံမှပြသမည်ဟု သိရသည်။
“ကျွန်မရဲ့ Documentary “This is Paris” က အံ့သြစရာဇာတ်သိမ်းမျိုးနဲ့ ဆုံးထားတယ်၊ ဒီတော့ ကျွန်မလည်း ကျွန်မရဲ့ မင်းသားလေးကို တွေ့ထားပြီ ပျော်ရွှင်စရာ ပုံပြင်ဇာတ်သိမ်းလေး တွေ့ထားပြီဆိုတာကို ပရိသတ်တွေကို မြင်စေချင်တယ်” ဟု ပဲရစ်ဟီလ်တန်က ပြောသည်။
လတ်တလောတွင် ပဲရစ်ဟီလ်တန်တစ်ယောက် သူမ၏အချက်အပြုတ် အစီအစဉ်သစ်ဖြစ်သည့် “Cooking with Paris” ကို Netflix တွင် ပြသထားသည်။
ဇွန်လက ET နှင့် အင်တာဗျူးတွင်လည်း ပဲရစ်ဟီလ်တန်က လက်ထပ်ပွဲအကြောင်း ပြောခဲ့ဖူးပြီး လက်ထပ်ပွဲကို ရုပ်သံမှ ပြမည့်အကြောင်း ပြောသွားခဲ့သည်။
သူမသည် အစဉ်အလာအတိုင်းသွားသည့် သာမန်သတို့သမီးမဟုတ်ဘဲ သူမ၏လက်ထပ်ပွဲသည် အံ့သြစရာ ပျော်ရွှင်စရာကောင်းသည့် ပွဲတစ်ခုဖြစ်လိမ့်မည်။ သူမ၏ အချစ်တော် ချီဟွာဟွာခွေးလေးသည်ပင် လက်ထပ်ပွဲတွင်ပါမည်ဟု ဟီလ်တန်က ပြောခဲ့သည်။
ခင်ပွန်းလောင်းနှင့်ပတ်သက်သည့် မေးမြန်းချက်အတွက် ဟီလ်တန်က သူမကိုအလွန်ချစ်မြတ်နိုးပြီး ပံ့ပိုးအားပေးသည့်သူမျိုး မတွေ့ခဲ့ဖူးကြောင်းနှင့် သူသည် သူမအတွက် အကောင်းဆုံးသူငယ်ချင်းလည်းဖြစ်၊ မင်းသားလေးလည်းဖြစ်သည်ဟု အမွှမ်းတင် ပြောခဲ့သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး