နိုင်ငံတကာ ရုပ်ရှင်ဝေဖန်ရေးအဖွဲ့ချုပ် FIPRESCI က Normadland ဇာတ်ကားကြီးကို ၂၀၂၁ ခုနှစ်၏ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ရွေးချယ်ကာ စက်တင်ဘာတွင် ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်သည်။
တရုတ်-အမေရိကန်ဒါရိုက်တာ Chloe Zhao ရိုက်ကူးပြီး အမေရိကန်ရုပ်ရှင်မင်းသမီးကြီး Frances McDormand ပါဝင်သရုပ်ဆောင်ထားသည့် Normadland ဇာတ်ကားကို ၂၀၂၁ အကောင်းဆုံးရုပ်ရှင်အဖြစ်ရွေးချယ်ထားကြောင်း FIPRESCI က သြဂုတ် ၁၈ ရက်တွင်ကြေညာထားသည်။
ဒါရိုက်တာ Thomas Vinterberg ရိုက်ကူးသည့် Another Round ၊ Jasmila Zbanic ၏ Quo Vadis, Aida ၊ Radu Jude ၏ Bad Luck Banging or Loony Porn ၊ Alexandre Koberidze ၏ What Do We See When We look at the Sky ၊ ဇာတ်ကားများကို Normadland က ကျော်တက်ခဲ့ခြင်းဖြစ်သည်။
Normadland က FIPRESCI Grand Prix ဆုကို စက်တင်ဘာ ၁၇ ရက်တွင်ပြုလုပ်မည့် ၆၉ ကြိမ်မြောက် San Sebastian Festival ပွဲတော် ဖွင့်ပွဲတွင် လက်ခံယူမည်ဖြစ်သည်။ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ဆုကို FIPRESCI က မချီးမြှင့်ခဲ့ပေ။
Chloe Zhao သည် FIPRESCI Grand Prix ဆုရသည့် ပထမဆုံး တရုတ် ဒါရိုက်တာ၊ အာရှသားများထဲတွင် ဒုတိယမြောက် ဒါရိုက်တာဖြစ်သည်။ အာရှသားများထဲ ထိုဆုကို ပထမဆုံးရခဲ့သူက တောင်ကိုရီးယားဒါရိုက်တာ Kim Ki-duk ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် 3-Iron ဇာတ်ကားဖြင့် ရလိုက်ခြင်းဖြစ်သည်။
Normadland သည် အော်စကာဆုများစွာကိုလည်း သိမ်းပိုက်ထားပြီး ဧပြီလက ကျင်းပခဲ့သည့် ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် Normadland က Chloe Zhao ကို အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ Frances McDormand ကို အကောင်းဆုံးရုပ်ရှင်မင်းသမီးဆုတို့ ရစေခဲ့သည်။
Zhao က အကောင်းဆုံးဒါရိုက်တာဆုဖြင့် အော်စကာဆုရသည့် လူဖြူမဟုတ်သည့် ပထမဆုံးအမျိုးသမီး၊ အမျိုးသမီးဒါရိုက်တာအနေဖြင့် ထိုဆုရသည့် ဒုတိယမြောက်အမျိုးသမီးလည်း ဖြစ်သည်။
အခြားဆုများအနေဖြင့် Normadland သည် ဧပြီမှာပင်ကျင်းပသည့် ၇၄ ကြိမ်မြောက် ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ BAFTAs တွင်လည်း အကောင်းဆုံးဇာတ်ကားဆုရခဲ့ပြီး ပါဝင်သရုပ်ဆောင်သူ Frances McDormand က အကောင်းဆုံး မင်းသမီးဆု၊ Chloe Zhao က အကောင်းဆုံး ဒါရိုက်တာဆုတို့ ဆွတ်ခူးထားခဲ့သည်။
ဇန်နဝါရီတွင် ကျင်းပခဲ့သည့် အကြိမ် ၃၀ မြောက် Gotham Awards ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲတွင်လည်း Normadland က Best Feature နှင့် Gotham Audience ဆုနှစ်ဆု ချီးမြှင့်ခံထားရသည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး