ဗြိတိန်ရုပ်ရှင်မင်းသမီး Letitia Wright သည် ပြီးခဲ့သည့်တစ်ပတ်က Black Panther : Wakanda Forever ရုပ်ရှင်ရိုက်ကွင်းတွင် စွန့်စားခန်းရိုက်ရင်း ဒဏ်ရာရသွားသည့်အတွက် ဆေးရုံတက်ခဲ့ရသည်။
Variety သို့ မာဗယ်စတူဒီယို ပြောခဲ့ပုံအရ အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Wright ၏ဒဏ်ရာသည် ကြီးကြီးမားမားမဟုတ်ပေ။ EW.com ကလည်း သူမ ဆေးရုံကပင် ပြန်ဆင်းလာပြီဟု ဆိုသည်။
၂၀၁၈ ရုပ်ရှင် Black Panther ၏ နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့် Black Panther : Wakanda Forever ကို ဒါရိုက်တာ Ryan Coogler က ရိုက်ကူးပြီး ဇာတ်ဝင်ခန်းအများစုကို အတ္တလန္တာမြို့တွင် ရိုက်ကူးထားသည်။ ဇာတ်ကားရုံတင်မည့်နေ့က ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်ဟု သတ်မှတ်ထားသည်။
ဇာတ်လမ်းထဲတွင် Wright က King T’Challa ၏ညီမ သိပ္ပံပညာရှင် Shuri နေရာမှ ဖြစ်သည်။ ယခင်ဇာတ်လမ်းတွင် King T’Challa ဇာတ်ကောင်ကို Chadwick Boseman (ယခုကွယ်လွန်သွားပြီဖြစ်) က သရုပ်ဆောင်ခဲ့သည်။
၂၀၁၈ ရုပ်ရှင် Avengers: Infinity War နှင့် ၂၀၁၉ ရုပ်ရှင် Avengers: Endgame တို့တွင်လည်း Letitia Wright ကို ပရိသတ်များ မှတ်မိကြမည်ထင်သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး