အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်၏ အသက် ၅၀ ပြည့် မွေးနေ့ကို မိုင်ယာမီကမ်းခြေရှိ အဆိုတော်၊ ဂီတပညာရှင် ဂလိုရီယာနှင့် အမ်မီလီယို အက်စ်တက်ဖန် ဇနီးမောင်နှံ၏ ခြံဝင်းတွင် ဇူလိုင်၂၄ ရက်က ကျင်းပခဲ့သည်ဟု People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ယင်းခြံဝင်းထဲတွင် ရွက်ဖျင်တဲများကို ရွှေရောင်နှင့် အဖြူရောင်တို့ဖြင့် အလှဆင်ထားပြီး ဧရာမရွှေရောင်ဘောလုံးများ ချိတ်ဆွဲထားကြောင်း၊ လိုပက်ဇ်၏ ခမ်းနားကြီးကျယ်သည့် မွေးနေ့ပါတီပွဲသို့ တက်ရောက်ခဲ့သူ ၂၅၀ ခန့်တွင် ရက်ပ်အဆိုတော် ဖက်ဂျိုးလည်းပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လိုပက်ဇ်သည် စေ့စပ်ထားသည့် ချစ်သူအဲလက်စ်ရိုဒရီဂတ်စ်ထံမှ ဒေါ်လာ ၁၄၀၀၀၀ တန် Porsche ကားတစ်စီးကို မွေးနေ့လက်ဆောင် ရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လိုပက်ဇ်က ဘေ့စ်ဘောကစားသမားဟောင်း အဲလက်စ်ရိုဒရီဂတ်စ်နှင့် စေ့စပ်လိုက်ပြီဟု မတ်လက အတည်ပြုခဲ့သည်။
ရိုဒရီဂတ်စ်က လိုပက်ဇ်၏မွေးနေ့အတွက် Instagram တွင် ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဝေမျှခဲ့သည်။
J- Lo ဟု ပရိသတ်များက ချစ်စနိုးခေါ်ဆိုခဲ့ကြသည့် ဂျနီဖာလိုပက်ဇ်သည် ၁၉၉၁ ခုနှစ်တွင် In Living Color ရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်ခဲ့ပြီး သရုပ်ဆောင်လောကသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ လိုပက်ဇ်သည် ၁၉၉၇ ခုနှစ်တွင် Selena ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆုဆန်ခါတင်စာရင်းတွင် ဖော်ပြခံခဲ့ရပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ဝင်ငွေဒေါ်လာတစ်သန်းရရှိသည့် ပထမဆုံး လက်တင်အမျိုးသမီး သရုပ်ဆောင်ဖြစ်လာခဲ့သည်။ ၎င်းသည် Anacondaနှင့် Out of Sight ဇာတ်ကားတို့တွင် ပါဝင်ခဲ့ပြီးနောက် ဟောလိဝုဒ်တွင် ဝင်ငွေအနုပညာကြေးအများဆုံးရရှိသည့် လက်တင်အမျိုးသမီးသရုုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
လိုပက်ဇ်သည် ၁၉၉၉ ခုနှစ်တွင် ပွဲဦးထွက် အယ်လ်ဘမ်ဖြင့် ဂီတလောကသို့ဝင်ရောက်ခဲ့ပြီး အမေရိကန်ဂီတလောကတွင် လက်တင်ပေါ့ပ်ဂီတကို အောင်မြင်အောင်စွမ်းဆောင်ခဲ့သည်။ J- Lo သည် The Wedding Planner၊ Shall We Dance၊ Monster in Law ဇာတ်ကားများတွင်လည်း ပါဝင်ခဲ့သည်။ ၎င်းပါဝင်ခဲ့သည့် ဇာတ်ကားစုစုပေါင်း၏ဝင်ငွေသည် ဒေါ်လာသုံးဘီလျံ ရရှိခဲ့ပြီး အယ်လ်ဘမ်ချပ်ရေ သန်း ၈၀ ခန့် ရောင်းချခဲ့ရမှုနှင့်အတူ လိုပက်ဇ်သည် အမေရိကန်တွင် သြဇာလွှမ်းမိုးမှုအရှိဆုံး လက်တင်အနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
လိုပက်ဇ်သည် ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့်ဂုဏ်ပြုခံခဲ့ရပြီး Billboard ဂီတဆုပေးပွဲတွင် တစ်သက်တာအောင်မြင်မှုဆုဖြင့် ဂုဏ်ပြုခံခဲ့ရသည်။
လိုပက်ဇ်သည် ယခင်က အိမ်ထောင်သုံးကြိမ်ပြုခဲ့ဖူးပြီး နောက်ဆုံးအိမ်ထောင်ဖြစ်သည့် အဆိုတော်မက်အန်ထော်နီနှင့် အမြွှာကလေးရရှိခဲ့သည်။ ၎င်းသည် သရုပ်ဆောင် ဘင်အက်ဖ်လက်နှင့်လည်း တွဲခဲ့ဖူးသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်