Song - Song စုံတွဲဟု ပရိသတ်များ ခေါ်ဆိုကြသည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့၏ ကွာရှင်းခွင့်ကို ဆိုးလ်မိသားစု တရားရုံးက ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့သည်။
ဆိုးလ်ရှိ မိသားစုတရားရုံးတွင် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ကို မိနစ် ၂၀ ခန့် တံခါးပိတ်ကြားနာခဲ့ပြီးနောက် ကွာရှင်းရန်ခွင့်ပြုခဲ့သည်ဟု တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆောင်သည် ဆိုးလ်မိသားစုတရားရုံး၌ ဆောင်းဟေကိုနှင့် ကွာရှင်းခွင့် လျှောက် ထားခဲ့ပြီး ၂၆ ရက်အကြာတွင် တရားဝင်ကွာရှင်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့က ညှိနှိုင်း၍မရသော အကြောင်းအရာများကြောင့် ကွာရှင်းရခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ကွာရှင်းခွင့်သဘောတူညီမှုတွင် ပိုင်ဆိုင်သည ့်ပစ္စည်းများခွဲဝေမှုမပါဝင်ဟု ဆောင်းဟေကို၏ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် စစ်ပွဲနောက်ခံ ဒရာမာဇာတ်လမ်းတွဲ Descendants of the Sun တွင် စစ်ဗိုလ်နှင့် အမျိုးသမီးဆရာဝန်အဖြစ် တွဲဖက်သရုပ် ဆောင်ခဲ့ပြီးနောက် ချစ်သူအဖြစ်တွဲခဲ့ကြသည့် အသက် ၃၃ နှစ်အရွယ် ဆောင်ဂျွန်ကီ နှင့် အသက် ၃၇ နှစ်အရွယ် ဆောင်းဟေကိုတို့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဆိုးလ်ရှိ Shilla ဟိုတယ်၌ လက်ထပ်ခဲ့သည်။ အိမ်ထောင်သက် နှစ်နှစ်နီးပါးအကြာတွင် ဆောင်ဂျွန်ကီက ကွာရှင်းခွင့် လျှောက်ထားခဲ့သည့်သတင်းကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ရသည်။
ဆောင်ဂျွန်ကီက ကွာရှင်းခွင့်လျှောက်ထားသည့်အကြောင်းရင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အခင်အမင်မပျက်သည့် လမ်းခွဲမှုဖြစ်ရန် မျှော်လင့်ကြောင်း ၎င်း၏ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“တစ်ဦးနဲ့တစ်ဦး ဘယ်သူက မှားတယ်လို့ အပြစ်တင်ဝေဖန်ပြီးစကားများနေတာထက် အခင်အမင်မပျက် အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်” ဟု ဆောင်ဂျွန်ကီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဆောင်းဟေကိုသည် ဆောင်ဂျွန်ကီနှင့် လမ်းခွဲခဲ့ပြီးနောက် ကိုရီးယား၏ လူချမ်းသာများနေထိုင်ကြသည့် ဆိုးလ်မြို့ Hannamdong အရပ်ရှိ နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ သည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။
တရားဝင်ကွာရှင်းခဲ့ပြီးနောက် ဆောင်းဟေကိုသည် Instagram အကောင့်ရှိဆောင် ဂျွန်ကီနှင့်ရိုက်ကူးထားသည့် ဓာတ်ပုံအားလုံးကို ဖျက်ပစ်ခဲ့သည်ဟုလည်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်