သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်၏ ထိုင်းပရိသတ်များနှင့် တွေ့ဆုံပွဲအား သြဂုတ် ၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Century Park Hotel Ballroom ၌ကျင်းပမည်ဖြစ်ကာ လက်မှတ်များအား ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပရိသတ်အများအပြား၏ အားပေးမှုရရှိထားသည့် မော်ဒယ်လ်ပိုင်တံခွန်၏ fan meeting အား Zone A ,B,C သုံး မျိုးခွဲခြားကာ လက်မှတ်ရောင်းချနေခြင်းဖြစ်ပြီး Zone A အတွက်လက်မှတ်စျေးနှုန်း ဘတ် ၃၅၀၀၊ Zone B အတွက်လက်မှတ်စျေးနှုန်း ဘတ် ၂၀၀၀၊ Zone C အတွက်လက်မှတ်စျေးနှုန်းမှာ ဘတ်၁၀၀၀ ဟုသတ်မှတ်ထားကြောင်း သိရသည်။
“ကျွန်တော့်ကို ထိုင်းက ပရိသတ်တွေ အားပေးကြတဲ့အတွက် ပျော်လည်းပျော်တယ်။ ဝမ်းသာဂုဏ်ယူမိပါတယ်။ ထိုင်းပရိသတ်တွေ နဲ့ဆုံတွေ့ဖို့အတွက် fan meeting က အတည်ဖြစ်သွားပါပြီ။ လက်မှတ်တွေလည်း ရောင်းနေပါတယ်။ ပျော်ရွှင်စရာအစီအစဉ်တွေလည်း စီစဉ်ထားတာကြောင့် ကျွန်တော့်ပရိသတ်တွေအားလုံးလည်း အမှတ်တရဖြစ်ပြီးပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဓာတ်ပုံရိုက်ကူးတာတွေ၊ လက်ဆောင်ပေးအပ်မယ့် အစီအစဉ်တွေလည်း ပါပါတယ်”ဟု သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်က ဆိုသည်။
သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်သည် ထင်ရှားသည့်မော်ဒယ်လ် ပိုင်တံခွန်ဖြစ်ပြီး မြန်မာပြည်တွင်းတင်သာမက ထိုင်းနိုင်ငံတွင်ပါ ပရိသတ်အခိုင်အမာရရှိထားသူ ဖြစ်သည်။ ထိုင်းပရိသတ်များနှင့် အမှတ်တရတွေ့ဆုံရန်အတွက် fan meeting အားစီစဉ်ထားခြင်း ဖြစ်သည်။ fan meeting ကို မွန်းလွဲ ၂ နာရီတွင်စတင်မည်ဖြစ်ပြီး ထိုင်းပရိသတ်များအားအမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းအား နံနက် ၉ နာရီတွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်တွင် ဓာတ်ပုံတွဲဖက်ရိုက်ကူးခြင်း၊ လက်ဆောင်များပေးအပ်ခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ သရုပ်ဆောင် မော်ဒယ်လ်ပိုင်တံခွန်သည် လတ်တလောတွင် ကြော်ငြာများနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးထားကြောင်း သိရသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်