Top News

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲြကြိုသုံးသပ်ချက်
24htopnews | November 25, 2024 12:12 AM CST

ဆောက်သမ်တန် - လီဗာပူးလ် (တနင်္ဂနွေည ၈း၃၀ နာရီ)

အာဆင်နယ်အသင်းရော မန်စီးတီးအသင်းပါ ပွဲကျပ်တွေရင်ဆိုင်နေရချိန်မှာ လီဗာ ပူးလ်ကတော့ အမှတ်ပေးဇယား အောက်ပိုင်းရောက်နေတဲ့ ပွဲစဉ်တစ်ပွဲကို ကစားရမှာဖြစ် တယ်။ လက်ရှိ ဆောက်သမ်တန်အသင်းက ကစားပုံမဆိုးပေမယ့် ခံစစ်ပိုင်းတော်တော်လေး အားနည်းပါတယ်။ လီဗာပူးလ်တိုက်စစ်ကို ထိန်းရခက်လိမ့်မယ်။ အဝေးကွင်းဆိုပေမယ့် လီဗာပူးလ်ပဲ နိုင်လိမ့်မယ်။ 

အစ်ဝစ်ချ် - မန်ယူ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ပြီး မန်ယူ နိုက်တက်အသင်း နည်းပြသစ် အာမိုရင်မ်ပထမဆုံးကိုင်တွယ်မယ့်ပွဲလည်းဖြစ်တယ်။ တစ် ဖက်မှာ အစ်ဝစ်ချ်ကလည်း ရလဒ်တွေ ဆိုးနေချိန်မှာတောင် တိုက်စစ်ပုံစံကောင်းပြနိုင်သ လို မက်ကင်နာကလည်း အရည်အသွေးမြင့်နည်းပြတစ်ဦးပါ။ ပွဲက အကြိတ်အနယ်ရှိနိုင် ပါတယ်။ ဒါပေမဲ့ မန်ယူ နိုင်ပွဲနဲ့ စဖွင့်နိုင်မယ်ထင်တယ်။ 


READ NEXT
Cancel OK