Top News

ဓာတ်ဆီစျေးနှုန်းများ တစ်လီတာကျပ် ၂၀ ခန့်ကျဆင်းလာသော်လည်း ဒီဇယ်ဆီစျေးနှုန်းများ ကျပ် ၃၀ ခန့် ဆက်လက်မြင့်တက်
24htopnews | November 23, 2024 4:12 PM CST

ဓာတ်ဆီစျေးနှုန်းများ တစ်လီတာကျပ် ၂၀ ခန့်ကျဆင်းလာသော်လည်း ဒီဇယ်ဆီစျေးနှုန်းများ ကျပ် ၃၀ ခန့် ဆက်လက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

သြဂုတ် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ၏ စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၃၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၄၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၈၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၇၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၇၀၀ ကျပ်တို့ဖြစ်သည်။

ယင်းကြောင့် ၉၂ နှင့် ၉၅ ဓာတ်ဆီများမှာ တစ်လီတာလျှင် ကျပ် ၂၀ ကျော်ကျဆင်းခဲ့ပြီး ဒီဇယ်စျေးနှုန်း များမှာ ကျပ် ၃၀ ခန့်အထိမြင့်တက်လာခြင်းဖြစ်သည်။

သြဂုတ် ၇ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းဟုဆိုနိုင်သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၁၉၇၀ ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ် လိုက်ပြီး နောက်တွင် စျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။ သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းကို ကျပ် ၂၁၀၀ သို့ တိုးမြှင့်လိုက်ရာ လေးလကျော်ကြာ သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင် ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်သည်။

သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီဂါလန်ပေါင်း ၁၃ သိန်းခန့် ချနေပြီး ရက်ပိုင်းအတွင်း စက်သုံးဆီ သင်္ဘော ၁၂ စင်းခန့် ထပ်မံဝင်ရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။


READ NEXT
Cancel OK