ပိုက်လိုင်းယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းထားသည့် ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်ခဲ့ပြီး ပြန်လည်ပို့လွှတ်နေပြီဖြစ်ကြောင်း ကမ္ဘာ့လောင်စာဆီသတင်းများနှင့် ပတ်သက်ပြီး ဖော်ပြလျက်ရှိ သည့် Upstream က သတင်းဖော်ပြထားသည်။
ဇောတိက ဓာတ်ငွေ့စီမံကိန်းမှ ပို့လွှတ်နေသည့် ပိုက်လိုင်းများမှာ သြဂုတ် ၁ ရက်တွင် ယိုစိမ့်မှုများ ဖြစ်ပွားခဲ့သဖြင့် ဓာတ်ငွေ့ပို့လွှတ်မှုကို နှစ်ပတ်ကျော် ရပ်ဆိုင်းထားရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ပို့လွှတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။
တနင်္သာရီတိုင်း ကန်ပေါက်မြို့နယ် ရေဖြူကျေးရွာ ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိသည့် ဇောတိက စီမံကိန်းမှာ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ ပြည်ပတင်ပို့နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင်ကုဗပေ သန်း ၁၀၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း ၂၀၁၇ ခုနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
PTTEP အနေဖြင့် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတွင်ရှိသော စီမံကိန်းများအတွက် ရေနံစူးစမ်းလေ့ လာရှာဖွေသည့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ (၁၉၁)သန်း (မြန်မာကျပ်ငွေ ၂၉၃၇၅၈ သန်း)ကို ခွဲဝေသုံးစွဲမည်ဖြစ်ပြီး (၂၀၁၉-၂၀၂၃) (၅)နှစ်တာ လုပ်ငန်းလည်ပတ်မှုဘတ်ဂျက် အမေရိကန်ဒေါ်လာ (၁၆၁၀၅)သန်း (မြန်မာ ကျပ်ငွေ ၂၄၇၆၉၄၉၀ သန်း)ကို အသေးစိတ် ခွဲဝေထားပြီး လည်းဖြစ်ကြောင်း PTTEP Company Limited က ထုတ်ပြန်ထားသည်။
-
PSG အသင်းသို့ အပြီးသတ်ပြောင်းရွှေ့နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု အီကာဒီ ဆို
-
အယ်လီဂရီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့် အသင့်တော်နည်းပြဖြစ်သည်ဟု လူကာတိုနီ ပြောကြား
-
ယခုရာသီကုန်အထိ ဂါရတ်ဘေးလ်ကို အသင်းတွင် ရှိနေစေချင်သည်ဟု ဇီဒန်း ပြောကြား
-
ပရီးမီးယားလိဂ်တွင် မိမိတို့ချန်ပီယံဆုကိုလုယူနိုင်သည့် တစ်သင်းတည်းသောအသင်းမှာ လီဗာပူးလ်ဖြစ်သည်ဟု အဂွဲရိုး ပြောကြား
-
တစ်နှစ်အတွင်း တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနီးပါးအထိ တရိပ်ရိပ်မြင့်တက်လာသော အထွေထွေစရိတ်စကဈေးနှုန်းများ