Top News

စစ်ဖြစ်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ် ယူကရိန်းသို့ စစ်မြေပြင်သုံး ယာယီဆေးရုံတစ်ရုံ ပေးအပ်သွားမည်ဟု ဂျာမနီ ပြောကြား
24htopnews | November 23, 2024 9:12 AM CST

ယူကရိန်းသို့ စစ်မြေပြင်သုံး ယာယီဆေး ရုံတစ်ရုံ ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်ဘရက်ချ် က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့ပြီး ရုရှားက ကျူးကျော်လာမည့်အပေါ် စိုးရိမ်မှု များ မြင့်တက်နေစဉ် စစ်လက်နက်များ ပေးပို့ရန် ယူကရိန်း အစိုးရ၏ တောင်းဆိုမှုကိုမူ ၎င်းက ထပ်မံပယ်ချလိုက်သည်။

ဂျာမနီအစိုးရအနေဖြင့် ယူကရိန်းထံ အသက်ရှူစက်များ ပေးပို့ထားပြီး ဖြစ်ကြောင်း နှင့် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ယူကရိန်း စစ်သားများကို လတ်တလောတွင် ဂျာမနီ စစ်ဆေးရုံများ၌ ကုသပေးလျက်ရှိ ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ဂျာမန်သတင်းစာ တစ်စောင်ဖြစ်သည့် Weltam Sonntag သို့ ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီလထဲမှာ စစ်မြေပြင်သုံး ယာယီစစ်ဆေးရုံ တစ်ရုံကို လွှဲပြောင်းပေးအပ် သွားမှာဖြစ်ပြီး လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေလည်း ပြုလုပ်ပေးသွားမှာဖြစ်ကာ ကုန်ကျစရိတ် အားလုံးကိုလည်း ဂျာမနီဘက်က ပူးတွဲ မတည်စိုက်ထုတ်ပေးပြီး ယူရို ၅.၃ သန်း တန်ကြေးရှိမှာဖြစ်ပါတယ်” ဟု လမ်ဘရက်ချ် က ဆက်လက်ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ယူကရိန်း အစိုးရဘက်တွင် ရပ်တည်နေပြီး အခြေအနေတင်းမာမှုကို လျှော့ချနိုင်မည့် အရာမှန်သမျှကို လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“စစ်လက်နက်တွေ ပေးပို့ခြင်းဟာ လတ်တလောမှာ အထောက်အကူ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ အစိုးရအဖွဲ့အတွင်း အများသဘောဆန္ဒနဲ့ သက်ဆိုင်နေပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် နယ်စပ်အနီးတွင် သောင်း နှင့်ချီသည့် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်စုရုံးထားသည့် ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဟူသော ပြောကြားချက်များကို ငြင်းဆန်ထားသော်လည်း ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်မလာစေရန် ရာသက်ပန် ပိတ်ပင်ရေး အပါအဝင် လုံခြုံရေး အာမခံချက်များကို တောင်းဆိုထားသည်။

မည်သည့်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံသင့်ကြောင်း ရုရှား၏ တောင်းဆိုမှုသည် လုံးဝလက်သင့်မခံနိုင်စရာ ဖြစ်ကြောင်း လမ်ဘရက်ချ်က အနောက်မဟာမိတ် နိုင်ငံ များကဲ့သို့ သံယောင်လိုက် ပြောဆိုခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်ကို ပိတ်ပင်နိုင်သည့် အခွင့်အာဏာ ရုရှားတွင် မရှိကြောင်းနှင့် မိမိတို့၏ စံတန်ဖိုးများကို မျှဝေခံစားနိုင်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံအားလုံးသည် နေတိုးအဖွဲ့ဝင်အဖြစ် အတားအဆီးမရှိ လျှောက်ထားခွင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်တွင် အမေရိကန်နှင့် ရုရှား နိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးများက ယူကရိန်း အရေးနှင့်ပတ်သက်၍ တင်းမာမှုများကို လျှော့ချရေးအတွက် ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့သည်။ ရုရှားဘက်မှ တောင်းဆိုထားသည့် လုံခြုံရေး အာမခံချက်များနှင့် ပတ်သက်၍ လာမည့်သီ တင်းပတ်ထဲတွင် အကြောင်းပြန်မည်ဖြစ်ကြောင်း အမေရိကန်က ကတိပြုခဲ့ပြီး နှစ်နိုင်ငံ သမ္မတချင်း တွေ့ဆုံမှုကိုလည်း ငြင်းပယ်ခဲ့ခြင်း မရှိပေ။ သိသာထင်ရှားသည့် တိုးတက်မှုများကို မျှော်လင့်မထားသော်လည်း အပြန်အလှန် စိုးရိမ်မှုများကို နားလည်သိရှိလာစေရန် ရှင်းလင်းပီပြင်သော လမ်းကြောင်းပေါ်သို့ ရောက် ရှိနေပြီဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။                   


READ NEXT
Cancel OK