GGS (Global Grand Services) ကုမ္ပဏီက မြန်မာ့ရေနံနှင့် သဘာသဓာတ်ငွေ့လုပ်ငန်းသို့ ပေးဆောင်ရမည့် ဂက်စ်ဖိုး ကျပ်ရှစ်ဘီလျံကျော်သည် တနင်္သာရီတိုင်းအစိုးရက တာဝန်ခံရမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်သင်းက ပြောကြားသည်။
၎င်းက “ကျပ်သန်းပေါင်း ၈၉၈၇ ဒသမ ၉ အဲဒါပဲ။ GGS ကတော့ ပေးရမှာပေါ့။ ဒါပေမဲ့ တနင်္သာရီတိုင်းအစိုးရက တာဝန်ခံပြီးတော့မှ ယူပေးရမှာလေ။ ပေးရမှာတော့ GGS က ပေးရမှာလေ” ဟု ပြောကြားသည်။
မတ် ၁၄ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်သန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် ဝန်ကြီးဌာန၏ လစဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲအပြီးတွင် GGS ကုမ္ပဏီက ပေးရန်ကျန်ရှိနေသည့် ဂက်စ်ဖိုးများနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်သင်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမှုများတွင် GGS ကုမ္ပဏီမှ လူပုဂ္ဂိုလ်အချို့ ပါဝင်နေခြင်းကြောင့် ဂက်စ်ဖိုးကျန်ကုမ္ပဏီနှင့် ဆက်လက် ပူးပေါင်းပြီး အလုပ်လုပ်နေသည့် အခန်းကဏ္ဍများသည် မည်သို့ဖြစ်သွားနိုင်လဲ ဆိုသည့် မေးမြန်းမှုကို “ဒါကတော့ သူတို့ပေးနေတဲ့၊ လုပ်နေတဲ့ လုပ်ငန်းကိုတော့ ကျွန်တော်တို့က မရပ်စေအောင်တော့ ဟိုနည်းနည်း ထိန်းကျောင်းပြီး လုပ်ပေးသွားမှာပေါ့။ အဲဒီလို ရပ်သွားလို့ရှိရင်တော့ မီးပြတ်သွားမှာလေ ပြည်သူတွေ။ ပြည်သူတွေတော့ မီးပြတ်ရင်တော့ မကောင်းဘူးပေါ့။ အဲဒီတော့ ဒါထိန်းကျောင်းပြီးတော့ လုပ်သွားမှာပေါ့” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်သင်းက ပြောကြားသည်။
ထားဝယ်မီးလင်းရေး ဆောင်ရွက်နေသည့် GGS (Global Grand Services) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ် မလုပ်ဆိုသည်များသည် ဝန်ကြီးဌာန၏ အပိုင်းမဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်မှုနှင့် သက်ဆိုင်ကြောင်း ဦးခင်မောင်သင်းက ဆိုသည်။
ဦးခင်မောင်သင်းက “အဲဒါတွေက ကျွန်တော်တို့အပိုင်း မဟုတ်ဘူး။ သူက OffGrid ဖြစ်တဲ့အတွက် ဒါက တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှု၊ ဒါသူ့ကိစ္စ။ ကျွန်တော်တို့က နိုင်ငံတော်က ဂက်စ် ပံ့ပိုးပေးတာပဲ ရှိတယ်။ ဒါ OffGrid ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့က နိုင်ငံတော်ရဲ့ National Grid ထဲဝင်လာရင် ကျွန်တော်တို့ရဲ့ Management ထဲမှာ သွားမယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုနဲ့ သွားတယ်။ ဒါက OffGrid ဖြစ်နေတဲ့အတွက် တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှု ဒါဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါပြီးသား” ဟု ပြောကြားသည်။
GGS ကုမ္ပဏီအနေဖြင့် ဂစ်ဖိုးအကြွေးကျန်များ ပြန်လည်ပေးဆောင်ရန် လိုအပ်ကြောင်း၊ ကျန်သည့် ကိစ္စရပ်များသည် ၎င်းတို့၏ ကိစ္စရပ်များသာ ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက GGS ကုမ္ပဏီအား တစ်ရက်လျှင် Gas နှစ်သန်းနီးပါး ထောက်ပံ့ပေးနေရကြောင်း သိရသည်။
ထားဝယ်မီးလင်းရေး ဆောင်ရွက်နေသည့် GGS (Global Grand Services) ကုမ္ပဏီက ရေနံသဘာသဓာတ်ငွေ့ဌာနကို ပေးသွင်းရမည့် ဂက်စ်ဖိုး ကျပ် ရှစ်ဘီလျံကျော်ကို လျှပ်စစ်ဌာနက ပြည်ထောင်စုဘတ်ဂျက်မှ ကြားဝင် ဖြည့်ဆည်းပေးရသည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်အရှိဆုံး တိုင်းအစိုးရအနေဖြင့် ရေငုံနှုတ်ပိတ်နေရုံမက ငွေသွင်းရန် ကိစ္စအတွက် ဝန်ကြီးကိုယ်တိုင် လာတွေ့ရန် စိန်ခေါ်ခဲ့ခြင်းများနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအင်ဌာန အနေဖြင့် ဖြေရှင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၃/၂၀၁၈) အပေါ် နေပြည်တော်၌ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဆွေးနွေးစဉ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာခွန်သင်းသောင်းက ထည်သွင်းပြောကြားခဲ့သည်။
-
NUG အဖွဲ့၏ ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားသူနှစ်ဦး၏ ယာယီဘွဲ့လက်မှတ်များကို နိုတြီပြန်ပေးခဲ့သူသုံးဦးအား ဖမ်းဆီး
-
လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပ
-
မြိတ်ဆိပ်ကမ်းရှေ့၊ ကျွန်းစုမြို့နယ်ရေပြင်တွင် ငါးဖမ်းလှေတစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
-
ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး
-
စစ်ကိုင်းမြို့ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF နှစ်ဦးနှင့် ခရီးသည်နှစ်ဦး သေဆုံးပြီး ခရီးသည် ငါးဦး ဒဏ်ရာရ