Top News

အိန္ဒိယ၏မြို့တော် နယူးဒေလီတွင် အိုမီခရွန်ကူးစက်မှုလှိုင်း လျော့ကျလာသဖြင့် တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့
24htopnews | November 23, 2024 12:12 AM CST

အိန္ဒိယနိုင်ငံတွင် မကြာသေးမီက အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုနှေးကွေးခဲ့ကြောင်း အစိုးရမှတ်တမ်းများတွင် ဖော်ပြခဲ့မှု နှင့်အတူ မြို့တော် နယူးဒေလီတွင် ထုတ်ပြန်ထားသည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့် သတ်ချက်များကို ဇန်နဝါရီ ၂၇ ရက်မှ စတင် ဖြေလျှော့ပေးခဲ့ပြီး ကာဖျူးမိန့်ကို သီတင်းပတ်ကုန်တွင် အဆုံးသတ်သွားမည်ဟု ဒေသခံ အစိုးရက ကြေညာခဲ့သည်။

နိုင်ငံအတွင်း နေ့အလိုက် ရောဂါကူးစက်ခံရသူ ၂၅၀၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း နေ့အလိုက် သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် နည်းပါးသည့် အရေအတွက်သာ ရှိခဲ့သည်။

နယူးဒေလီမြို့တော်အာဏာပိုင်များကမူ စားသောက်ဆိုင်များနှင့်စျေးများကို အပြည့်အဝ ပြန်ဖွင့်ရန်ဆုံးဖြတ်ခဲ့ပြီး မြို့တော်အတွင်းရှိ လူအားလုံးနီးပါးကို ၎င်းတို့၏နေအိမ်အတွင်းမှာသာ နေထိုင်စေခဲ့သည့် ဇန်နဝါရီလ အစောပိုင်းကတည်က ချမှတ်ခဲ့သည့် ကာဖျူးမိန့်ကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

နယူးဒေလီမြို့တော်တွင် ဇန်နဝါရီ ၄ ရက်ကတည်းက ကာဖျူးမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စာသင်ကျောင်းများနှင့် စားသောက်ဆိုင်များကို ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ရောဂါကူးစက်မှုများလျော့ကျလာသည်ကို ထောက်ရှုပြီး ကပ်ရောဂါနှင့် လိုက်လျောညီထွေရှိသည့် ပြုမူဆောင်ရွက်ချက်များကို လိုက်နာမှုရှိစေရန် စိတ်ချသေချာအောင် လုပ်ဆောင်နေသကဲ့သို့ ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေလီလက် ထောက်အုပ်ချုပ်ရေးမှူး အန်နီ ဘာအီဂျယ်က ပြောကြားခဲ့သည်။

အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူသစ် ၂၈၅၀၀၀ ကျော်ရှိ ပြီး ယင်းသည် ပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်က ကူးစက်ခံရသူအရေအတွက်နှင့် နှိုင်းယှဉ်လျှင် သိသာစွာလျော့ကျသွားခြင်းဖြစ် ကာ သေဆုံးသူ ၅၇၃ ဦးသာ ရှိခဲ့သည်။

နောက်ဆုံး ငါးရက်မှ ခုနစ်ရက်အတွင်း ရောဂါကူးစက်မှုများမှာ မြင့်တက်မှုနှင့်လျော့ကျမှုမရှိဘဲ တန်းသွားသည့် အခြေအနေရှိခဲ့သော်လည်း ကြိုတင်ကာကွယ်မှုများနှင့် လေ့လာစောင့်ကြည့်မှုများလုပ်ဆောင်ရန် လိုအပ် သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိ လက်ဗ်အာဂါဝယ်က ဇန်နဝါရီ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သန်းခေါင်ယံ ကာဖျူးမိန့်ကိုမူ မရှိမဖြစ် လုပ်သားများမှလွဲ၍ မြို့တော်တွင်းရှိဒေသခံများအားလုံးအပေါ်တွင် သက်ရောက်မှုရှိနေ မည်ဖြစ်သည်။

အိန္ဒိယတွင် ပြီးခဲ့သည့်နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားချိန် က သီတင်းပတ်အနည်းငယ်အတွင်း လူပေါင်း ၂၀၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ဆေးရုံများနှင့် မီးသင်္ဂြိုဟ်ရုံများကို ဝန်ပိစေခဲ့သည်။

ယင်းအချိန်ကတည်းက အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအလုံးရေ ၁.၆ ဘီလျံကျော်ထိုးနှံပေးခဲ့ကာ ဆယ်ကျော်သက်များကို ကာကွယ်ဆေးထိုးနှံမှုချဲ့ထွင်ခဲ့ပြီး ရောဂါအခံရှိသူများ၊ အားနည်းသူများနှင့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ထပ်တိုးကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး လူပေါင်း သန်း ၂၂၀ နေထိုင်သည့် အူတာပရာဒေ့ရှ်ပြည်နယ် အပါအဝင်  ပြည်နယ်ရွေးကောက်ပွဲများ မပြုလုပ်မီအချိန်တွင် လက်ရှိကိုဗစ်ကူးစက်မှုလှိုင်းဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ရွေးကောက်ပွဲအာဏာပိုင်များကမူ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သဖြင့် အများပြည်သူပိုင်နေရာများတွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုကို တားမြစ်ကန့် သတ်ခဲ့သည်။

                                              


READ NEXT
Cancel OK