ဝီဂါမွတ်စလင်လူနည်းစုအပေါ် ဆန့်ကျင်သည့် ဆိုးရွားသော နှိပ်စက်ညှင်းပန်းမှုများရှိနေသည်ဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၏ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ကြိုတင်ပြင်ဆင်ခဲ့သည့် အစီရင်ခံစာကို ပေကျင်းအိုလံပစ်မတိုင်မီ ထုတ်ပြန်သွား မည်မဟုတ်ဟု ကုလသမဂ္ဂက ဇန်နဝါရီ ၂၉ ရက်တွင် ဝန်ခံပြောကြားခဲ့သည်။
တရုတ်သည် ရှင်ကျန်းဒေသ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အာရုံလွှဲရန်လာမည့် သီတင်းပတ်အတွင်းစတင် ကျင်းပမည့် ၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲကို အသုံးချဖွယ်ရှိနေသည်ဆိုသည့် စိုးရိမ်မှုများရှိနေချိန်တွင် ယင်းဒေသ၏ လူ့အခွင့်အရေးအခြေအနေကို ထုတ်ပြန်ပေးရန် ကုလသမဂ္ဂ လူ့ အခွင့်အရေးရုံးအပေါ် ဖိအားများစွာ ကျရောက်ခဲ့သည်။
တရုတ်သည် ရှင်ကျန်းဒေသတွင် ဝီဂါ လူနည်းစုကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သည့် အမေရိကန်လွှတ်တော်အမတ်များက ယင်းဒေသတွင်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးအခြေအနေကို ချက်ချင်းထုတ်ပြန်ပေးရန် ပြီးခဲ့သည့် သီတင်းပတ်က တောင်းဆိုခဲ့သည်။
အမေရိကန်၏ တောင်းဆိုချက်ကို လူ့အခွင့်အရေးအဖွဲ့များက သံယောင်လိုက်ပြောကြားခဲ့ပြီး ရှင်ကျန်းဒေသတွင် ဝီဂါမွတ်စလင်နှင့် အခြားလူနည်းစု တစ်သန်းခန့်သည် ချွေးတပ်စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု စွပ်စွဲခဲ့ပြီး တရုတ်အစိုးရကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ဒီဇင်ဘာလလယ်ပိုင်းတွင် ကုလလူ့အခွင့်အရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရူးပတ် ကော်လ်ဗီလီက ရှင်ကျန်းဒေသနှင့်ပတ်သက်သည့် အစီရင်ခံစာကို သီတင်းပတ်အနည်းငယ်အတွင်း ထုတ်ပြန်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သော်လည်း ဇန်နဝါရီ ၂၈ ရက်တွင်မူ ယင်းအစီရင်ခံစာသည် ပေကျင်းအိုလံပစ် မစတင်မီအချိန်တွင် ထွက်ရှိလာလိမ့်မည် မဟုတ်ကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီချဲလ်ဘက်ချ်လက် တောင်းဆိုထားသည့် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသည့် ရှင်ကျန်းဒေသသို့ လေ့လာရေး ခရီးစဉ်ကို အိုလံပစ်ပြိုင်ပွဲပြီးဆုံးသည့် ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းတွင် ဝင်ရောက်ခွင့် ပေးမည်ဟုသဘောတူခဲ့ပြီး အပြန်အလှန်အနေဖြင့် ကုလလူ့အခွင့်အရေးအဖွဲ့ကလည်း ရှင်ကျန်းဒေသ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာကို အိုလံပစ်မတိုင်မီ မထုတ်ပြန်ရန် ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုရခဲ့သည်ဟု ဟောင်ကောင်၏ South China Morning Post သတင်းစာ တွင်ဖော်ပြခဲ့ပြီးနောက် ကော်လ်ဗီလီ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာတွင် ဖော်ပြပါရှိသည့် အခြေအနေမှာ မိမိတို့တွေးထင်ထားမှုနှင့် မှန်ကန်မှုမရှိဘဲ ဘက်ချ်လက်၏ ရှင်ကျန်းခရီး စဉ်သည်လည်း သီးခြားအကြောင်းကိစ္စဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် ပထမခြောက်လအတွင်း ဖြစ်နိုင်ဖွယ်ရှိသည့် ရှင်ကျန်းခရီးစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်နေပြီး ယင်းခရီးစဉ်တွင် သတ်မှတ်ချက်များကို အလေးအနက်ထားပြီး ဆွေးနွေးနေဆဲဖြစ်ကြောင်း ကော်လ်ဗီလီက ဆိုသည်။
တရုတ်အစိုးရကမူ ဘက်ချ်လက်၏ ရှင်ကျန်းခရီးစဉ်ကို ကြိုဆိုမည်ဖြစ်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့ပြီး ခရီးစဉ်အတွင်း လွတ်လပ်စွာဝင်ရောက်လေ့လာခွင့်ကိုမူ သဘောတူညီခြင်းမရှိသေးပေ။
-
ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား
-
အာမိုရင်မ်လက်ထက်မှာ ဘာတွေ မြင်ရမလဲ
-
ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်
-
■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
-
■ အင်အားပြင်း စကူဒက်တိုတိုက်ပွဲ