Top News

၎င်း၏ COVID-19 ကုသဆေးသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို ဆန့်ကျင်မှုတွင် ထိရောက်မှုရှိဟု Merck ဆေးကုမ္ပဏီ ထုတ်ပြန်
24htopnews | November 23, 2024 12:12 AM CST

အမေရိကန်ဆေးကုမ္ပဏီ Merck ၏ COVID-19 ကုသဆေးသည် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို ခုခံတိုက်ဖျက်မှုတွင်ထိရောက်မှု ရှိနေသေးကြောင်း ဓာတ်ခွဲခန်းလေ့လာမှု ခြောက်ခုမှရရှိသည့် ရလဒ်များကို ကိုးကား၍ Merck က ဇန်နဝါရီ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

molnupiravir ဟုခေါ်သည့် သောက်ဆေးသည် ရောဂါလက္ခဏာခံစားရပြီး ငါးရက်အတွင်း သောက်သုံးရခြင်းဖြစ်ပြီး အိုမီခရွန် အကြိုစမ်းသပ်မှု၌ ပါဝင်သူ ၁,၄ဝဝတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ကုသမှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်သူများအကြား ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဆဲလ်အခြေပြု စစ်ဆေးမှုများအပေါ်အခြေခံ၍ နောက်ဆုံးအကြိမ်ပြုလုပ်သည့် လေ့လာမှုများကို ဘယ်ဂျီယံ၊ဂျာမနီ၊ချက်သမ္မတနိုင်ငံ၊ပိုလန်၊နယ်သာလန်နှင့်အမေရိကန် စသည့် နိုင်ငံခြောက်နိုင်ငံမှသုတေသီများက တသီးတခြား လုပ်ဆောင်ခဲ့သည်။

ရလဒ်များအရ molnupiravir ကုသဆေးသည် ကမ္ဘာတစ်ဝန်းတွင် အဓိကကူးစက်ပျံ့နှံ့နေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ခိုက်မှုတွင် ဗိုင်းရပ်စ်သတ်နိုင်သည့် ဆောင်ရွက်ချက်နှင့် ကိုက်ညီမှုရှိသည်ဟု Merck သုတေသနဓာတ်ခွဲခန်းများ ဥက္ကဌ ဒေါက်တာ ဒင်းဝိုင်လီကထုတ်ပြန်ချက်တစ် ခုတွင် ပြောကြားခဲ့သည်။

ပြင်းထန်ရောဂါ အခြေအနေဖြစ်လာနိုင်ခြေမြင့်မားသည့် ရောဂါအခြေအနေအသင့်အတင့်မှ အလယ်အလတ်ခံစားနေရသော အချို့အရွယ်ရောက်ပြီး COVID-19 လူနာများအတွက် အရေးကြီးသော ကုထုံးရွေးချယ်မှုအဖြစ် အလားအလာကောင်းသောmolnupiravi အတွက်ယခုတွေ့ရှိချက်များသည် နောက် ထပ်ယုံကြည်ချက်ကို ထပ်မံရရှိစေခဲ့သည်။

အိုမီခရွန်ဗိုင်းရပ်စ်အပေါ် molnupiravi ၏ထိရောက်မှုနှုန်းကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအရ ယခုချိန်ထိ အကဲဖြတ်နိုင် ခြင်းမရှိသေးကြောင်းMerck က ထုတ်ပြန်ခဲ့သည်။

Lagevrio အမည်ဖြင့်စျေးကွက်ဖြန့်ချိ သည့် ယင်းကုသဆေးကို အမေရိကန်၊ဗြိတိန် နှင့်ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁ဝနိုင်ငံ ကျော်တွင် အသုံးပြုရန်အတည်ပြုချက် ရရှိထားပြီးဖြစ်သည်။

အမေရိကန်အစိုးရက Merck ၏ ကုသဆေးပတ် ၃.၁ သန်းအတွက် ဒေါ်လာ ၂.၂ဘီ လျံ ပေးချေခဲ့ပြီး ကုသဆေးအလုံးရေ နှစ်သန်း ကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု Merck က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စုစုပေါင်း ဆေးပတ်  ၁၀ သန်းကို ထုတ်လုပ်ထားပြီးဖြစ်ကာ ယခုနှစ်အတွင်း နောက်ထပ်ဆေးပတ်သန်း ၂၀ ကို ထပ်မံထုတ်လုပ်ရန် Merck က စီစဉ်ထားသည်။

တစ်ရက်ကို molnupiravir ဆေးအလုံးရေ ရှစ်လုံးနှင့်ငါးရက်ကြာ သောက်သုံးရမည်ဖြစ်ပြီး စုစုပေါင်းဆေးအလုံးရေ ၄၀ သောက်သုံးရမည်ဖြစ်သည်ဟုဆိုသည်။

Pfizer ဆေးကုမ္ပဏီကလည်း Paxlovid အမည်ဖြင့် COVID-19 ကုသဆေးများ ထုတ်လုပ်ထားသည်။ Pfizer ၏ကုသဆေး သည် Merck ၏ကုသဆေးနှင့်ရလဒ်တူညီပြီး အိုမီခရွန်မျိုးကွဲအပေါ်ထိရောက်မှုရှိရန်အ လားအလာရှိကြောင်း ဇန်နဝါရီလလယ်ပိုင်း၌ Pfizer ကထုတ်ပြန်ခဲ့သည်။    

 


READ NEXT
Cancel OK