အရှေ့အလယ်ပိုင်း၊ ဥရောပနှင့်အာရှ တို့တွင် COVID-19 ကူးစက်ခံရသူအရေအတွက် မြင့်တက်နေချိန်တွင်ကမ္ဘာတစ်ဝန်း၌ COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ လွန်ခဲ့သည့် သီတင်းတစ်ပတ်အတွင်း ငါးပုံတစ်ပုံမြင့် တက်လာခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ နေ့အလိုက် ပျမ်းမျှကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည်ယခု သီတင်းပတ်အတွင်း ၃.၃၆ သန်းအထိ ရုတ်တရက်ထိုးတက်သွားပြီး လွန်ခဲ့သည့် ခုနစ်ရက်ကျော်အတွင်း ရှစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။မည်သို့ပင်ဆိုစေကာမူ ကူးစက်သူဦးရေ မြင့်တက်မှုနှုန်းမှာ နှေးကွေးနေသည်ဟု အေ အက်ဖ်ပီသတင်းဌာန၏ စစ်တမ်း၌ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြထားသည်။
မတူညီသော နိုင်ငံများ၏ ဗိုင်းရပ်စ်ကူး စက်ခံရသူရေတွက်မှု စနစ်နှင့် ဗိုင်းရပ်စ်ကူး စက်ခံရခြင်းရှိ၊မရှိ ရေတွက်မှု ကွဲပြားခြင်းနှင့် အတူ တရားဝင်ထုတ်ပြန်ထားသည့် အတည်ပြုလူနာအရေအတွက်သည် အမှန်တကယ် ကူးစက်ခံရသည့် လူနာအရေအတွက်၏ တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှုရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အရှေ့အလယ်ပိုင်းဒေသတွင် ယခုသီတင်းပတ်အတွင်း အဓိကမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဥရောပတွင် ကူးစက်မှုနှုန်း ၂၀ ရာခိုင်နှုန်း၊ အာရှတွင် ၁၉ ရာခိုင်နှုန်းနှင့် လက်တင်အမေရိက-ကာရေ ဘီယံဇုန်တွင် ရှစ်ရာခိုင်နှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။
သို့သော် အမေရိကန်-ကနေဒါဇုန်တွင် အခြေအနေ တိုးတက်မှုရှိပြီး နေ့အလိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ထို့ပြင် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် စတင်ပေါ်ပေါက်လာသည့် အာဖရိကတွင် ကူးစက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
သမုဒ္ဒရာပိုင်းဇုန်တွင်လည်း ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ လေးပုံတစ်ပုံလျော့ကျခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်သည့်သေဆုံးမှုနှုန်းမှာ သီတင်းပတ်သုံးပတ်ဆက်တိုက် မြင့်တက်လာခဲ့ပြီးနေ့အလိုက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉,၀၅၀ ဦးရှိသောကြောင့်၂၀ ရာခိုင်နှုန်းအထိမြင့် တက်လာခဲ့သည်။
အမေရိကန်တွင် နေ့အလိုက် သေဆုံးမှုနှုန်း အများဆုံးဖြစ်ပြီး တစ်ရက်လျှင်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၆၀၄ ဦးရှိကာ ရုရှားတွင် ၆၇၃ ဦးနှင့် အိန္ဒိယတွင် ၅၇၂ ဦးရှိသည်။
လူဦးရေအချိုးအရ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေသည့်နိုင်ငံမှာ ဘော်စနီးယား-ဟက်ဇာဂိုဗီးနားနိုင်ငံဖြစ်ပြီး လူတစ်သိန်းလျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈.၉ ဦးရှိကာ ယင်းနိုင်ငံပြီးနောက် ခရိုအေးရှားတွင် လူတစ် သိန်းလျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇.၉ ဦး၊ ဘူလ်ဂေးရီးယား၊ ထရီနီဒက်နှင့် တိုဘာဂို တို့တွင်ရ.၃ ဦးစီနှင့် မွန်တီနီဂရိုးတွင် ၇.၂ ဦး ရှိသည်။
ပစိဖိတ်ဒေသရှိ ဆော်လမွန်ကျွန်းနိုင်ငံတွင် နေ့အလိုက် ပျမ်းမျှကူးစက်ခံရသူ ၁၀၀ ၌ကူးစက်မှုနှုန်း ၁,၁၇၂ ရာခိုင်နှုန်းအထိ မြင့်တက်မှုနှင့်အတူ ကူးစက်မှုအသစ်များ အလွန်မြင့်မားစွာ တိုးမြင့်လာခဲ့သည်။
အာမေးနီးယားတွင် ကူးစက်မှုနှုန်း၂၅၃ ရာခိုင်နှုန်းနှင့် ကိုဆိုဗိုတွင် ၁၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အီရန်တွင် ၁၆၂ ရာခိုင်နှုန်းနှင့် လစ်ဗျားတွင် ၁၅၇ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်။
အိုင်ယာလန်နိုင်ငံသည် သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၄၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့သည်။
-
ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား
-
အာမိုရင်မ်လက်ထက်မှာ ဘာတွေ မြင်ရမလဲ
-
ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်
-
■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
-
■ အင်အားပြင်း စကူဒက်တိုတိုက်ပွဲ