COVID-19 မျိုးကွဲအိုမီခရွန် လျင်မြန်စွာကူးစက်ပျံ့နှံ့နေချိန်တွင် နယ်သာလန်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်တွင် lock down ချမှတ်ခဲ့ပြီး ဥရောပနိုင်ငံအများအပြားတွင်မူ ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များမတိုင်မီ COVID-19 ကန့်သတ်ချက်စည်းမျဉ်းအများ အပြားချမှတ်နိုင်ခြေရှိနေသည်။
အမေရိကန်နိုင်ငံတွင် အိမ်ဖြူတော် ကျန်းမာရေးဆိုင်ရာ အကြံပေး ဒေါက်တာအန်သိုနီ ဖော်ချီက မိသားစုဝင်များနှင့်ချစ်ခင်ရသူများထံ အလည်အပတ်သွားလိုသူများအနေဖြင့် COVID-19 ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံကြရန်နှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းတပ်ဆင်ကြရန် တိုက်တွန်းခဲ့သည်။
နယ်သာလန်နိုင်ငံတွင် ရုတ်တရက်lock down စည်းမျဉ်းစတင် ချမှတ်ခဲ့သောကြောင့် ပြည်သူများ၏ခရစ္စမတ်အစီအစဉ်များက စဉ့်ကလျားဖြစ်ခဲ့ကြရသည်။
နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရက်က ဒီဇင်ဘာ ၁၈ ရက် ညနေခင်းအချိန်တွင် ကန့် သတ်ချက်စည်းမျဉ်းများကို ထုတြ်ပန်ခဲ့ပြီး မဖြစ်မနေ ဖွင့်လှစ်ရန်လိုအပ်သည့် စတိုးဆိုင်များမှလွဲ၍ စားသောက်ဆိုင်များ၊ဆံပင်ညှပ်ဆိုင်များ၊ အားကစားခန်းမများ၊ ပြတိုက်များ နှင့် အများပြည်သူ သွားလာရာနေရာများ အပါအဝင် အားလုံးကို ဒီဇင်ဘာ ၁၉ ရက်မှဇန် နဝါရီ ၁၄ ရက်အထိ ပိတ်ထားရန်ထုတ်ပြန် ကြေညာခဲ့သည်။
တောင်အာဖရိကနှင့် ဟောင်ကောင်၌ လွန်ခဲ့သည့်လက ပထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့သည့် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကူးစက်ပျံ့နှံ့နေပြီး လက်ရှိတွင် နိုင်ငံပေါင်း ၈၉ နိုင်ငံသို့ ရောက်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသည့် အသိုက်အဝန်းတွင် ကူးစက်မှုနှုန်းမှာ ၁.၅ ရက်မှ ၃ ရက်အတွင်း နှစ်ဆဖြစ်ပွား နေသော်လည်း ယင်းမျိုးကွဲကြောင့် ပြင်းထန်ရောဂါအခြေအနေ ဖြစ်ပွားနိုင်မှုအပါအဝင် ၎င်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိခြင်း မရှိသေးကြောင်း WHO က ဆိုသည်။
နယ်သာလန်နိုင်ငံသည် ၎င်း၏ ကျန်းမာရေးစနစ်ပြိုလဲမသွားစေရန် ကာကွယ်သည့်အနေဖြင့် ပြည်သူများ၏ နေ့စဉ်လှုပ်ရှားမှုများကို ပိတ်ပင်တားမြစ်ခဲ့စဉ် အခြားဥရောပနိုင်ငံများမှ အစိုးရများကလည်း နောက်ထပ်ကန့် သတ်ချက်များ ထုတ်ပြန်ရန် စဉ်းစားသုံးသပ် နေသည်။
ရိုက်တာသတင်းဌာန၏ စစ်တမ်းကောက်ယူူချက်အရ နိုင်ငံပေါင်း ၂၄၀ တွင် ၆၄ နိုင်ငံ၌ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး ဗြိတိန်အပါအဝင် နိုင်ငံ ၁၂ နိုင်ငံသည် ကပ်ရောဂါကာလတစ်လျှောက် ယခုအ ချိန်သည် စံချိန်တင်ကူးစက်မှုနှုန်းနှင့် ရင်ဆိုင်နေရသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ အစိုးရက ခရစ္စမတ်မတိုင်မီ နောက်ထပ် ကန့်သတ်ချက်စည်းမျဉ်းများ ချမှတ်သွားမည်ဆိုသည့်အချက်ကို ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ဒီဇင်ဘာ ၁၉ တွင် ငြင်းဆိုခဲ့သည်။
“အစိုးရအနေနဲ့ သိပ္ပံပညာရှင်တွေရဲ့အကြံပေးချက်ကို အလေးအနက်ထားပြီး အချက်အလက်တွေကို အနီးကပ်စောင့်ကြည့်ကာ စီးပွားရေးနဲ့ ပညာရေးလိုမျိုးနယ်ပယ်တွေမှာ နောက်ထပ်ကန့်သတ်ချက်တွေ မချမှတ်နိုင်အောင် ချိန်ညှိသွားမယ်” ဟု ၎င်းကပြောကြား ခဲ့သည်။
-
အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုထံမှ ပေါင်သန်း (၅၀၀) ချေးယူပြီး အသင်းကို ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီ စီစဉ်
-
ချန်ပီယံလိဂ်အပါအဝင် လိဂ်ပြိုင်ပွဲ(၃)ခုကို တန်းဆင်းတန်းတက်ပုံစံဖြင့် ချိတ်ဆက်ထားမည့် ပြိုင်ပွဲပုံစံအသစ် ဖန်တီးရန် UEFA စီစဉ်နေ
-
■ "ဒီအချိန်က ရိုးမားအသင်း သတ္တိရှိတယ်ဆိုတာကို ပြသရမယ့် အချိန်ပါ" - ရိုးမားအသင်းနည်းပြ မော်ရင်ဟိုနှင့် တွေ့ဆုံခြင်း
-
■ ချွေးထွက်လွန်းတဲ့ ဝတ်စုံ (Life)
-
ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်ကို အောက်တိုဘာ(၁၀)ရက်တွင် တရားဝင်ကြေညာမည်