အင်တာမီလန် - ကာဂလီယာရီ (တနင်္ဂနွေည ၆:၀၀ နာရီ)
ဒီရာသီမှာ အင်တာမီလန်နဲ့ ကာဂလီယာရီ (၂)ကြိမ်တွေ့ထားပြီး (၂)ကြိမ်စလုံး အင်တာမီလန် အနိုင်ရထားတယ်။ လက်ရှိခြေစွမ်းအရလည်း အင်တာမီလန် အသာရနေသလို၊ အဝေးကွင်းနောက်ဆုံး(၅)ပွဲဆက် ကာဂလီယာရီ နိုင်ပွဲပျောက်ဆုံးထားလို့ ဒီပွဲမှာလည်း တစ်မှတ်ထက် ပိုမမျှော်လင့်သင့်ဘူး။ စီးရီးအေချန်ပီယံဆုပြိုင်ဘက် ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့ ပွဲကျပ်နေချိန်မှာ အင်တာမီလန် နိုင်ပွဲယူပါလိမ့်မယ်။ (၂)ဂိုးပြတ်နိုင်မယ်။
ဗီရိုနာ - လက်ချီ (တနင်္ဂနွေည ၈:၃၀ နာရီ)
ရှုံးပွဲဆက်နေတာကို လက်ချီ ရပ်တန့်လိုက်ပေမယ့် ခြေစွမ်းက သိပ်ပြီးယုံစားလို့မရသေးဘူး။ ဗီရိုနာက အိမ်ကွင်းမှာ ရှုံး ပွဲ (၃)ပွဲသာရှိသေးပြီး အိမ်ကွင်းမှာ ဂိုးတွေပိုရတတ်လို့ လက်ချီ ခံစစ်ထိန်းချုပ်နိုင်ဦးမယ်မထင်ဘူး။ ဗီရိုနာ အနိုင်သေချာပြီး (၂) ဂိုးပြတ်နိုင်တယ်။
ဆမ်ဒိုးရီးယား - ဆာဆူအိုလို (တနင်္ဂနွေည ၈:၃၀ နာရီ)
နှစ်သင်းစလုံးရဲ့ ခြေစွမ်းကမတည်ငြိမ်သလို၊ ရလဒ်ချင်းလည်း သိပ်မကွာဘူး။ အိမ်ကွင်းဗဟိုပြုပြီး ရမှတ်တွေမျှော်လင့်တတ်တဲ့အသင်းတွေဖြစ်ပြီး ဒီပွဲမှာလည်း အိမ်ရှင် ဆမ်ဒိုးရီးယား နိုင်ပွဲရသွားလိမ့်မယ်။ နှစ်သင်းပေါင်းဂိုးများမယ်။
ပါးမား - အူဒီးနီးစ် (တနင်္ဂနွေည ၈:၃၀ နာရီ)
ပါးမားတိုက်စစ်က အသင်းကြီးတွေကိုပါ ဒုက္ခပေးနိုင်လို့ နောက်ပိုင်းပွဲတွေမှာ ဂိုးပေးနှုန်းမြင့်မားနေတဲ့ အူးဒီးနီးစ် အခက်တွေ့ပါလိမ့်မယ်။ အူဒီးနီးစ်ရဲ့ တန်ပြန်တိုက်စစ်ကစားပုံကောင်းမွန်နေလို့ ဂိုးပြန်ရနိုင်ပြီး ပါးမား ကပ်နိုင်ရုံလောက်ပါပဲ။
ရိုးမား - လာဇီယို (တနင်္ဂနွေည ၁၁:၃၀ နာရီ)
ရောမဒါဘီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရိုးမားက ပိုပြီးရည်ရွယ်ချက်မြင့်မားတဲ့ အသင်းအဖြစ်တည်ရှိခဲ့ပေမယ့် လက်ရှိရာသီမှာ လာဇီယိုက ပိုပြီးရည်မှန်းချက်မြင့်မားနေတယ်။ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်ချင်တဲ့အသင်းတစ်သင်းဖြစ်ကြောင်း ပိုပြီးသက်သေပြချင်ရင် ဒီလိုပွဲမျိုးမှာ လာဇီယို ရလဒ်ကောင်းယူပြရပါမယ်။ လာဇီယိုရဲ့ စီးရီးအေနိုင်ပွဲဆက်မှတ်တမ်း ဆက်လက်တည်မြဲသွားနိုင်တယ်။ (၁-၂)၊ (၁-၃)လောက်ဖြစ်နိုင်တယ်။
နာပိုလီ - ဂျူဗင်တပ်စ် (တနင်္လာနံနက် ၂:၁၅ နာရီ)
ဂတ်တူဆိုလက်ထက်မှာလည်း ယို့ယွင်းနေတဲ့ နာပိုလီကို မြင်နေရသေးတယ်။ အသင်းလိုက်ကစားပုံ လိုအပ်ချက်များ နေသလို၊ စိတ်ပိုင်းဆိုင်ရာဖရိုဖရဲဖြစ်နေတာလည်း မြင်ရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်စည်းဝိုင်းရဲ့ အပြင်ဘက်ခပ်ဝေးဝေးကို နာပိုလီရောက်ရှိနေပြီး အဆင့် (၄)နေရာက ရိုးမားနဲ့ (၁၄)မှတ်အထိ ကွာဟနေတယ်။ မာတင်စ်မပါနိုင်တာ နာပိုလီရဲ့ မတည်ငြိမ်တိုက်စစ်ကို ပိုပြီးအားနည်းစေတယ်။ လိုဇာနို၊ လော်ရန်တေး၊ မီလစ်ခ်၊ အင်ဆစ်ဂ်နီ၊ ကယ်လီဟွန်တို့နဲ့ တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရတာ အံ့အားသင့်စရာလည်း ကောင်း၊ စိတ်ပျက်စရာလည်း ကောင်းပါတယ်။ ဂျူဗင်တပ်စ်က ဒီရာသီ စီးရီးအေအဝေးကွင်း (၁၀)ပွဲမှာ (၃)ပွဲသာ အမှတ်လျော့ထားပြီး (၇)ပွဲအနိုင်ရထားသလို၊ လက်ရှိကစားပုံအရလည်း နာပိုလီကို အနိုင်မရစရာ မရှိဘူး။ ဒါပေမဲ့ ဂတ်တူဆိုက ဒီပွဲကို ကောက်ရိုးတစ်မျှင်လို သဘောထားကစားနိုင်လို့ ဂျူဗင်တပ်စ် ဂိုးပြတ်နိုင်မယ်မထင်ဘူး။
-
ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး
-
စစ်ကိုင်းမြို့ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF နှစ်ဦးနှင့် ခရီးသည်နှစ်ဦး သေဆုံးပြီး ခရီးသည် ငါးဦး ဒဏ်ရာရ
-
Photo News - မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့နယ်အများစုတွင် ရေနစ်မြုပ်၊ မော်တော်ယာဉ်လမ်းကြောပိတ်မှုများဖြစ်ပွားခဲ့
-
ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင် လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
-
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းနှင့် လူနေအိမ် ဆယ်လုံးခန့် အမိုးလန်ပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့