Top News

ယာဂန်ကလော့ပ်အနေဖြင့် လီဗာပူးလ်ကို လေးနှစ်ကြာတည်ဆောက်ထားခြင်းဖြစ်ပြီး အလျင်အမြန်ပုံသွင်း၍မရဘဲ အချိန်ပေးရန်လိုအပ်ကြောင်း ဆိုးလ်ရှား တုံ့ပြန်
24htopnews | November 21, 2024 4:12 PM CST

မန်ယူအသင်းသည် ယနေ့ ယှဉ်ပြိုင်ကစားသည့် FA ဖလားပွဲမတိုင်မီအထိ ဆိုးလ်ရှား အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်စဉ်ကာလအတွင်း ပြိုင်ပွဲစုံ ၄၅ ပွဲ ယှဉ်ပြိုင်ကစားရာ ၁၉ ပွဲသာ အနိုင်ရပြီး ၁၁ ပွဲသရေ၊ ၁၅ ပွဲရှုံးနိမ့်ထားသည်။ ထို့ပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ၂၄ ပွဲကစားအပြီး ၃၄ မှတ်သာ ရရှိထားခြင်းမှာ ၁၉၈၉-၁၉၉၀ ရာသီ နောက်ပိုင်း နှစ် ၃၀ အတွင်း ရမှတ် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ထားပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် ၃၃ မှတ်၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ ချယ်လ်ဆီးအသင်းနှင့် ခြောက်မှတ် ကွာဟနေပြီဖြစ်သည်။

 

 

ပရီးမီးယားလိဂ်၌ ရှုံးပွဲမရှိမှတ်တမ်းဖြင့် အကောင်းဆုံးပုံစံရနေသည့် လီဗာပူးလ်အသင်းကို ယာဂန်ကလော့ပ်က လေးနှစ်ကြာတည်ဆောက်ထားခြင်းဖြစ်ပြီး မိမိအသင်းကိုလည်း အလျင်အမြန်ပုံသွင်း၍မရဘဲ အချိန်ပေးရန် လိုအပ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တုံ့ပြန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယနေ့ ယှဉ်ပြိုင်ကစားသည့် FA ဖလားပွဲမတိုင်မီအထိ ဆိုးလ်ရှား အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်စဉ်ကာလအတွင်း ပြိုင်ပွဲစုံ ၄၅ ပွဲ ယှဉ်ပြိုင်ကစားရာ ၁၉ ပွဲသာ အနိုင်ရပြီး ၁၁ ပွဲသရေ၊ ၁၅ ပွဲရှုံးနိမ့်ထားသည်။ ထို့ပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ၂၄ ပွဲကစားအပြီး ၃၄ မှတ်သာ ရရှိထားခြင်းမှာ ၁၉၈၉-၁၉၉၀ ရာသီ နောက်ပိုင်း နှစ် ၃၀ အတွင်း ရမှတ် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ထားပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် ၃၃ မှတ်၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ ချယ်လ်ဆီးအသင်းနှင့် ခြောက်မှတ် ကွာဟနေပြီဖြစ်သည်။

သို့ဖြစ်ရာ ဆိုးလ်ရှားအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်းတွင် အလေးပေးမှု ၆/၄ ဖြင့် ရေပန်းအစားဆုံး ဖြစ်လာရာ ၎င်းက "တခြားအသင်းတွေ ပုံစံကောင်းပြနေကြတာ ခင်ဗျားတို့ (သတင်းထောက်တွေ) တွေ့ကြမှာပါ။ ယာဂန်က သူ့အသင်းကို လေးနှစ်အချိန်ယူပြီး တည်ဆောက်ထားလို့ အခုအချိန်မှာ သူတို့စွမ်းဆောင်ရည်ကောင်းပြနိုင်တာပါ။ ကျွန်တော်လည်း ခဏခဏပြောဖူးပါတယ်။ အသင်းတစ်သင်းတည်ဆောက်ဖို့ဆိုတာ အလွယ်တကူ လျင်လျင်မြန်မြန်နဲ့ ပုံသွင်းလို့မရပါဘူး။ အပြောင်းအရွှေ့ကာလတစ်ခုတည်းမှာ ကစားသမား ရှစ်ယောက်၊ ၁၀ ယောက် လောက်လည်း ခေါ်ယူဖို့မရှိပါဘူး။ ကျွန်တော်တို့အတွက် အဆင်ပြေတဲ့ အပြောင်းအရွှေ့ကာလက နွေရာသီတစ်ခုတည်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇန်နဝါရီမှာ ကစားသမားခေါ်ယူဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ခုခုထူးခြားလာဖို့တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" ဟု တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းပရိသတ်များသည် ဘန်လေအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ပွဲမပြီးဆုံး ခင် ၈၅ မိနစ်ဝန်းကျင်မှာပင် ကွင်းအတွင်းမှ ပြန်သွားခဲ့ကြပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ဝုလ်ဗ်အသင်းနှင့် ကစားမည့်ပွဲတွင်လည်း ကွင်းအတွင်းမှ ထွက်ခွာ၍ ဆန္ဒပြရန် စီစဉ်ထားကြောင်း Mirror သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ယင်းပွဲ တွင် ၁၉၅၈ မြူးနစ်လေယာဉ်ပျက်ကျ မှုဖြစ်ရပ်ဆိုး ၆၂ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ပွဲကစားချိန် ၅၈ မိနစ် တွင် အမှတ်တရအစီအစဉ်ပြုလုပ်မည်ဖြစ်ပြီး ပရိသတ်များက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒပြသည့်အနေဖြင့် ကွင်းအတွင်းမှထွက် ခွာသွားရန် စီစဉ်နေခြင်းဖြစ်သည်။

 

 


READ NEXT
Cancel OK