Top News

တရုတ်နာမည်ကြီး ဒစ်ဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်သည့် Tencent Sports  နှင့် ပရီးမီးယားလိဂ် ရုပ်သံစာချုပ်ကိစ္စ သဘောတူညီမှုရရှိ
24htopnews | January 22, 2025 6:12 AM CST

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမည့်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များအား ထုတ်လွှင့်ပြသခွင့်အတွက် တရုတ်နာမည်ကြီး ဒစ်ဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်သည့် Tencent Sports နှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။

မူလက ပရီးမီးယားလိဂ်နှင့် အရှေ့အာရှ ဈေးကွက်ပိုင်းဆိုင်ရာ သဘောတူညီမှု ရယူထားသည့် ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီတစ်ခုပင်ဖြစ်သည့် PPTV ဖြစ်ပြီး ငွေကြေးပေးဆောင်မှုဆိုင်ရာ ပြဿနာများကြောင့် စာချုပ် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ယင်းစာချုပ်အရ PPTV သည် ၂၀၁၉-၂၀ ရာသီမှစ၍ ပရီးမီးယားလိဂ်ပွဲစဉ်များကို (၃)နှစ်စာ ပြသမှုရရှိမည့် မူပိုင်ခွင့်အတွက် ပေါင်သန်း (၇၀၀)တန် စာချုပ်ချုပ်ဆိုထားခဲ့ခြင်းဖြစ်ပြီး ယခု အခါ (၁)ရာသီအပြီးမှာပင် စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ယခု သဘောတူညီမှုရရှိခဲ့သည့် Tencent Sports က စာချုပ်လက်ကျန် (၂) ရာသီအတွက် ကျန်ရှိသည့် အခကြေးငွေကို ဆက်လက်ပေးချေကာ လက်ကျန် (၂) ရာသီအတွက် မူပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

PPTV က ၎င်းတို့၏ Weibo အကောင့်မှတစ်ဆင့် ထုတ်ပြန်ကြေညာချက်တွင် "ကိုရိုနာဗိုင်းရပ်စ်ပြဿနာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ရုပ်သံစာချုပ်ရဲ့ တန်ဖိုးငွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပရီးမီးယားလိဂ်နဲ့ ပြန်လည်ညှိနှိုင်းခဲ့ပြီး ကံမကောင်းစွာပဲ သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဒါကြောင့် စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။

Tencent Sports သည် ယခုတစ်ပတ် ပွဲစဉ် (၂) မှစ၍ ထုတ် လွှင့်ပြသသွားမည်ဟု သိရသည်။


READ NEXT
Cancel OK