
လီဗာပူးလ်ကွင်းလယ်ကစားသမားသစ် သီယာဂိုက မိမိအနေဖြင့် အသင်းနှင့်အတူ ဆုဖလားများစွာ ရယူသွားလိုသည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အသက် (၂၉)နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုကို Add-ons ကြေးအပါအဝင် ပေါင်(၂၅)သန်း ခေါ်ယူခဲ့ပြီး (၄)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
သီယာဂိုက စိန်ခေါ်မှုသစ်များ ရင်ဆိုင်လိုသည့်အတွက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း အသင်းဝက်ဆိုက်သို့ ပြောကြားခဲ့သည်။
သီယာဂိုက "ခံစားမှုက အရမ်းကောင်းပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် စောင့်နေခဲ့တာ ကြာပါပြီ။ အခု လီဗာပူးလ်အသင်းသားဖြစ်လာလို့ ကျွန်တော် အရမ်းပျော်နေပါတယ်။ နှစ်တွေကြာလာတော့ အောင်မြင်မှုတွေ ပိုလိုချင်လာတယ်။ ဆုဖလားတွေ ရလေ၊ ပိုလိုချင်လေပါပဲ။ အခု လီဗာပူးလ်အသင်းဟာ ကျွန်တော့်နဲ့ ထပ်တူပါပဲ။ ကျွန်တော့်အနေနဲ့ လီဗာပူးလ်အသင်းနဲ့အတူ ဆုဖလားတွေ ဖြစ်နိုင်သလောက် ရယူသွားချင်ပါတယ်။ ကျွန်တော်က အသင်းနဲ့ ခင်မင်ရင်းနှီးမှုရှိတာကို သဘောကျပြီး လီဗာပူးလ်မှာ ဒီလိုခံစားရပါတယ်"ဟု ပြောကြားခဲ့သည်။
သီယာဂိုသည် ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။
၎င်းသည် ဘာစီလိုနာအသင်းတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ သီယာဂိုသည် ဘိုင်ယန်မြူးနစ်တွင် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၃၅)ပွဲတွင် (၃၁)ဂိုး သွင်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်