
ပခုက္ကူခရိုင်အတွင်း တောင်သူများမှာ ယခုနှစ်မှစ၍ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေပုံစံပြောင်းလဲထားသည့်အတွက် ယခုဆောင်းသီးနှံချေးငွေရရှိရန် အခက်အခဲများ ကြုံတွေ့နေရပြီး ယာမြေအနည်းငယ်သာ ပိုင်ဆိုင်သည့် တောင်သူများမှာ အဆင်မပြေမှုများ ကြုံတွေ့နေကြောင်း သိရသည်။
ယခင်နှစ်များက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေအတွက် ပုံစံ (၇) မိတ္တူတင်ပြ၍ အာမခံစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေအား ပုံစံ (၇) မူရင်း အပ်နှံစေပြီးမှ ချေးငွေထုတ်ပေးပြီး တောင်သူများမှာ မိုးသီးနှံချေးငွေအတွက် ပုံစံ (၇) အပ်နှံထားခြင်းကြောင့် ဆောင်းသီးနှံချေးငွေ ရယူရန် ပုံစံ (၇) တင်ပြနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
“အရင်နှစ်တွေက ပုံစံ (၇) မိတ္တူအပ်ပြီး တောင်သူချင်း အာမခံစနစ်နဲ့ ချေးငွေယူလို့ ရတယ်။ မိုးဦးရော ဆောင်းအတွက်ရော အဲဒီပုံစံနဲ့ပဲ ချေးတယ်။ ဒီနှစ်မှာ ချေးငွေပုံစံပြောင်းသွားပြီး ပုံစံ(၇) မူရင်းအပ်မှ ချေးပေးတော့တယ်။ ပထမမိုးဦးသီးနှံအတွက် ချေးထားတဲ့ တောင်သူတွေက ဆောင်းသီးနှံအတွက် ချေးဖို့ ပုံစံ (၇)က မရှိတော့ဘူး။ အဲဒီတော့ ချေးငွေမရဖြစ်သွားတယ်။ ပထမချေးငွေပြန်ဆပ်ပြီး ပုံစံ (၇) ထုတ်။ ပြီးရင် ပုံစံ (၇) ပြန်တင်မှ ဆောင်းချေးငွေထုတ်ရမှာ။ တောင်သူအနေနဲ့ မိုးဦးစိုက်တာ ရိတ်ပြီးတာနဲ့ စျေးကွက်ထဲ ချက်ချင်းရောင်းဖို့ဆိုတာ သီးနှံစျေးကောင်းမှ။ ဒီနှစ် ပဲတီစိမ်းစျေးက မကောင်းဘူး။ စျေးတက်ချိန် စောင့်ရောင်းရတယ်။ ချေးငွေကိုချေးပြီး သုံးလလောက်နဲ့ ပြန်မဆပ်နိုင်ဘူး။ ၁၀ ဧက အထက်ရှိတဲ့သူတွေကတော့ ဆောင်းသီးနှံ ချေးငွေအတွက် ပုံစံ (၇) အပ်နှံဖို့ အဆင်ပြေတယ်။ ၁၀ ဧကနဲ့အောက်ရှိတဲ့သူတွေကတော့ ဆောင်းချေးငွေအတွက် အပ်စရာပုံစံ(၇) မရှိတော့တာကြောင့် ချေးငွေမရနိုင်တော့ဘူး” ဟု မြိုင်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
တောင်သူများ ဆောင်းသီးနှံချေးငွေ ထပ်မံရယူရန် ခက်ခဲနေသည့် အခြေအနေအား တိုင်းအစိုးရမှ မည်ကဲ့သို့ ကူညီဆောင်ရွက်သွားမည်ဆိုသည်ကို သိရှိလိုကြောင်း မြိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက အောက်တိုဘာ ၉ ရက် တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။
မကွေးတိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တောင်သူများအနေဖြင့် ဘဏ္ဍာနှစ်တစ်ခုအတွင်း စိုက်ပျိုးစရိတ်ချေးငွေ တစ်မျိုးထက်ပို၍ ရယူလိုပါက ပထမချေးငွေ ပြေကျေစွာ ပေးဆပ်ပြီးမှ ဒုတိယချေးငွေကို ထုတ်ယူခွင့်ရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိုးသီးနှံများ ထွက်ပေါ်နေပြီးဖြစ်၍ ပထမချေးငွေ ပေးဆပ်ပြီး ဒုတိယဖြစ်သော ဆောင်းရာသီအတွက် ချေးငွေကို ထုတ်ယူကြရန် ဖြစ်ပါကြောင်း၊ မိုးထုတ်ချေးသည့် ဘဏ်အဖွဲ့ဝင်အနေဖြင့် သီးနှံပေါ်ကာလတွင် ပေးဆပ်မှု မပြုဘဲ မိုးကာလတွင် ရရှိသီးနှံအား ရောင်းချ၍ ဆောင်သီးနှံစိုက်ပျိုးမှုအတွက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ကြောင်း၊ ဆောင်းရာသီ သီးနှံထွက်ပေါ်ပြီးနောက် ရောင်းချရငွေဖြင့် ဖေဖော်ဝါရီမှ ဧပြီလအတွင်း ပြန်လည်ပေးဆပ်ပိုင်ခွင့် ရရှိပြီးဖြစ်သည့်အတွက် ဆောင်းသီးနှံ ချေးငွေသီးခြားပေးရန် မလိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူတစ်ဦးလျှင် တစ်ဧက ကျပ်ငါးသောင်းနှုန်းဖြင့် အများဆုံး ၁၀ ဧကထိ စိုက်ပျိုးစရိတ် ချေးပေးသည့်အတွက် ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူကြီးများမှာ ဆောင်းသီးနှံ ချေးငွေအတွက် ပုံစံ (၇) အပ်နှံရန် အဆင်ပြေပြီး ကျန်တောင်သူငယ်များမှာ ချေးငွေ ထပ်မံရယူရန် ခက်ခဲကြောင်း သိရသည်။
စိုက်ပျိုးချေးငွေပုံစံ ပြောင်းလဲခဲ့သည့်အတွက် မြိုင်မြို့နယ်တစ်ခုတည်းတွင်ပင် ချေးငွေရယူနိုင်သူ နည်းပါးခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ဆောင်းသီးနှံချေးငွေ ရယူသည့် ဧကပေါင်း ၁၈၁၅၂ ဧက ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဆောင်းသီးနှံချေးငွေရယူသည့် ဧကပေါင်း ၅၂၆၈ ဧကသာရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်