
စစ်ကိုင်းမြို့ ရတနာပုံတံတားအဆင်းလမ်းမှ သီရိမင်္ဂလာခုံးကျော်အတွင်းရှိ မီးရထားမြေနှင့် မလွတ်ကင်းသည့် လမ်းဘေးဝဲယာ ကြော်ငြာဆိုင်းဘုတ် ၃၈ ခုအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် မြန်မာ့မီးရထားတိုင်းအမှတ် (၂) (ရွာထောင်) မှ သိရသည်။
မြန်မာ့မီးရထားပိုင်နယ်မြေဖြစ်သော ဧရာဝတီတံတား (ရတနာပုံ) တံတားအဆင်းမှ သီရိမန္တလာ ခုံးကျော်အထိ မီးရထားလမ်းဘေး ဝဲ/ယာ စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များသည် ရထားလမ်းဧရိယာအတွင်း ပါဝင်နေပါသဖြင့် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေအရ ရထားအဖွဲ့အစည်းက အခကြေးငွေကို သတ်မှတ်ချက်နှင့်အညီ ကောက်ခံခွင့်ရှိကြောင်း၊ ကြော်ငြာလုပ်ငန်းရှင်များမှ မြန်မာ့မီးရထားသို့ တရားဝင်ခွင့်ပြုချက် ရယူခြင်း အခွန်အခ ပေးဆောင်ခြင်း မရှိပါက ကြော်ငြာဆိုင်းဘုတ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားသွားမည်ဖြစ်ကြောင်း တိုင်း (၂) ရွာထောင်မှ သိရသည်။
“ကြော်ငြာဆိုင်းဘုတ် ၃၈ ခုနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စစ်ကိုင်းမြို့နယ် စည်ပင်သာယာနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းမှု မပြေလည်ခဲ့ပါဘူး။ ကြော်ငြာလုပ်ငန်းရှင်တွေဆီ ကြော်ငြာဆိုင်းဘုတ်များ တရားဝင် ခွင့်ပြုချက်ရယူဖို့ အရင်လက စာပို့ အကြောင်းကြားထားပါတယ်။ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူထားတဲ့နေရာတွေက စည်ပင်သာယာအပိုင်ထဲ မဟုတ်ပါဘူး။ မီးရထားပိုင်မြေနေရာတွေဖြစ်တယ်။ ဒါကြောင့် တစ်ဆင့်လုပ်ပြီး ညှိနှိုင်းမရတော့ရင်တော့ ကြော်ငြာဆိုင်းဘုတ်တွေကို ဖယ်ရှားသွားမှာပါ” ဟု မြန်မာ့မီးရထားတိုင်း (၂) စီးပွားရေးဌာန မန်နေဂျာ ဦးကျော်မိုးက ပြောကြားသည်။
လက်ရှိစိုက်ထူထားသည့် ကြော်ငြာဆိုင်းဘုတ်များသည် ရထားပို့ဆောင်ရေးဥပဒေလုပ်ငန်းအရ မြန်မာ့မီးရထား၏ တရားဝင် ခွင့်ပြုချက်ရယူထားခြင်း မရှိသဖြင့် တရားမဝင်ကျူးကျော်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ကြော်ငြာဆိုင်းဘုတ်များအနေဖြင့် မြန်မာ့မီးရထား၏ ခွင့်ပြုချက် အမြန်ဆုံး ရယူဆောင်ရွက်ကြရန်နှင့် ခွင့်ပြုချက်မရယူပါက မြန်မာ့မီးရထား၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့မီးရထား၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ အခန်း (၂၀) အထွေထွေအပိုဒ် (၈၉) တွင် ရထားလမ်းဖို့မြေဝဲ/ယာ အစွန်ဆုံးအခြေမှ အနည်းဆုံးအကွာအဝေးသည် ၇၅ ပေဖြစ်ကြောင်း၊ တူးမြေဖြစ်ပါက တူးမြေထိပ်မှ တစ်ဖက်တစ်ချက်သို့ အနည်းဆုံး အကွာအဝေး ၇၅ ပေစီဖြစ်ကြောင်း၊ သီးခြားသတ်မှတ်ထားသော ရထားလမ်းတစ်လျှောက်တွင် ဝဲ/ယာ အစွန်ဆုံးရထားသံလမ်းမှ အနည်းဆုံး အကွာအဝေးသည် ပေ ၅၀ ရှိရမည်ဖြစ်ကြောင်း နယ်မြေသတ်မှတ်ချက် ပြဋ္ဌာန်းထားကြောင်း သိရပြီး အထွေထွေအပိုဒ် (၉၀) တွင် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် စီမံရေးအဖွဲ့ကဖြစ်စေ၊ ရထားအဖွဲ့အစည်းကဖြစ်စေ ဤဥပဒေအရ ရရန်ရှိသော လုပ်ငန်းလိုင်စင်ခ၊ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခ၊ ဝန်ဆောင်ခ၊ ဒဏ်ကြေးငွေနှင့် အခကြေးငွေအား သတ်မှတ်ချက်နှင့်အညီအရ ကောက်ခံခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်