
ချင်းပြည်နယ်၏ လမ်းမကြီးဖြစ်သော ဟားခါး-ဖလမ်း-ကလေးလမ်းကို အဆင့်မြှင့်တင်မည် ဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင်မည်ဆိုတာ မသိသေးဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။
“သူတို့ပြောတာကတော့ ၂၀၁၅ သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင်ကို အဆင့်မြှင့်ဖို့ နိုင်လွန်ကတ္တရာလမ်းခင်းဖို့၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ သန်း သူတို့က ကျွန်တော်တို့ကို ချေးငှားဖို့ ဖြစ်ပါတယ်။ ဥပမာ နစ်နာတဲ့သူတွေကို လျော်ကြေးဘာညာပေးတယ်။ ပေးမပေးဆိုတာကိုလည်း သူတို့က စစ်ဆေးတယ်။ နောက်ဆုံး အနေအထားကိုလည်း လာစစ်ဆေးတယ်။
လမ်းအဆင့်မြှင့်တင်ဖို့ ကိစ္စကိုလည်း ဘယ်တော့စမယ်ဆိုတာ မပြောနိုင်ဘူး။ ကျွန်တော်တို့လည်း ဒီဥစ္စာကို အဓိကမေးတယ်။ သူတို့ မဖြေနိုင်ဘူး။ ဒါပေမဲ့လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ လမ်းဒီဇိုင်းတို့ကို အဆွဲခိုင်းတယ်။ အဲဒါမပြီးသေးဘူးလို့ ပြောတယ်။ အဲဒါတွေ ပြီးရင်တော့ စမယ်လို့ ပြောတယ်။ အရင်တုန်းကတော့ ၂၀၁၉ အောက်တိုဘာမှာ စပြီးလုပ်မယ်လို့ ပြောတယ်။ အခုတော့ မပြောတော့ဘူး” ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအစိုးရသို့ ဒေါ်လာသန်း ၂၀၀ ထုတ်ချေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ငွေများထဲမှ ဒေါ်လာ ၆၆ ဒသမ ၈ သန်းကို ကလေး-ဖလမ်း-ဟားခါး လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းရန်အတွက် ချင်းပြည်နယ်အစိုးရကို ထုတ်ချေးခြင်းဖြစ်ပြီး လမ်းခင်းရန်အတွက် နိုင်ငံတကာမှ ကုမ္ပဏီများကို တင်ဒါခေါ်ထားသည်ဟု သိရသည်။
“ဒီလမ်းကိုခင်းဖို့က တင်ဒါခေါ်ထားတယ်။ ကိုရီးယားကုမ္ပဏီကတော့ လျှောက်ထားတယ်။ ကျန်တဲ့ဟာတော့ မလျှောက်သေးဘူးပြောတယ်။ ကျွန်တော်တို့ မှန်းထားတာက အိန္ဒိယကုမ္ပဏီက လျှောက်လိမ့်မယ်ထင်တယ်။ ပြည်တွင်းတော့ ရမှာမဟုတ်ဘူး။ တင်ဒါခေါ်တုန်းရှိတယ်။ လမ်းဒီဇိုင်းမထွက်သေးဘူး။ အဲဒါထွက်ပြီးရင် မြန်နိုင်သမျှ မြန်မြန်လုပ်မယ်” ဟု ဦးရွှေထီးအိုးက ဆက်လက် ပြောကြားခဲ့သည်။
ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ် The World Bank Myanmar Country Management Team မှ Mr.Martin Fodor ဦးဆောင်သောအဖွဲ့သည် ချင်းပြည်နယ်အစိုးရနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
“လက်ရှိတော့ ဘာမှမလုပ်သေးဘူး။ ကျွန်တော်တို့ အပိုင်းက လုပ်လေ့မရှိဘူး ကျွန်တော်တို့ လမ်းဘာထိခိုက်မလဲ။ လမ်းဒီဇိုင်း ဘာညာ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိပေါ့။ သူတို့ကလည်း အီတလီပညာရှင်ကို ငှားပြီးတော့ လေ့လာစစ်ဆေးနေပါတယ်။ လမ်းပိုင်းနဲ့ပတ်သက်ပြီး မြန်မြန်လိုချင်တယ်။ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်