ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)များက နေရပ်ပြန်ပို့ရေးအတွက် AA သည် နိုင်ငံတော်အဖွဲ့အစည်းတစ်ခု မဟုတ်သဖြင့် ဆွေးနွေးရန်မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးတူဟစ်ဟူစိန်က ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သတင်းမီဒီယာနှင့်တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို နစက က ထိန်းချုပ်ထားခြင်းမရှိသော်လည်း AA နှင့်လည်း ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်ပို့ရေးအတွက် ဆွေးနွေးရန်မဖြစ်နိုင်သဖြင့် ဘင်္ဂါလီအရေးနည်းလမ်းရှာ ရန် ဘန်ကောက်ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်များ ပြောကြားခဲ့သည်ဟု မစ္စတာ ဟူစိန်က ပြောကြားသည်။
“AA နဲ့ ကျွန်တော်တို့ ဆွေးနွေးလို့မရနိုင်ကတည်းက ဘင်္ဂါလီအကျပ်အတည်းကို ဖြေရှင်းဖို့နည်းလမ်းတွေရှာဖို့ သူတို့(မြန်မာ)ကို ကျွန်တော်တို့ကလည်း အသိပေးခဲ့ပါတယ်”ဟုမစ္စတာဟူစိန်က ပြောကြားသည်။
နယ်စပ် စိမ့်ဝင်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်များနှင့်လူမှောင်ခိုကူးမှု၊ မြန်မာနိုင်ငံ၏ အနာဂတ်တို့သည် ဘန်ကောက် အလွတ်သဘောဆွေးနွေးပွဲတွင် အလေးပေးဆွေးနွေးခဲ့သော အကြောင်းအရာများဖြစ်ခဲ့သည်။
လွန်ခဲ့သောနှစ်လတွင် မြန်မာနိုင်ငံမှ လူ ၆၀,၀၀၀ ဝင်ရောက်လာခြင်းကြောင့် အခြေအနေပိုမိုရွားခဲ့သည့် ဘင်္ဂါလီတို့၏ ကာလရှည်လူသားချင်းစာနာမှုဆိုင်ရာအကျပ် အတည်းကို စိုးရိမ်ကြောင်း မစ္စတာဟူစိန်က အဆိုပါ အစည်းဝေးတွင်ပြောကြားသည်။
ထို့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကိုလည်း အလွန်စိုးရိမ်သည်ဟု မစ္စတာ ဟူစိန်ကဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ၊ အထူးသဖြင့် အင်တာနက်ပေါ်က လိမ်လည်ရာနေရာများပေါ် ပေါက်လာခြင်းသည် အဓိကစိုးရိမ်စရာဖြစ်သည်ဟု မစ္စတာဟူစိန်က ပြောကြားခဲ့ပြီး အဆိုပါ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ ပြဿနာသည် ဘင်္ဂါလီပြဿနာထက်ပိုမိုစိုးရိမ်စရာ ကောင်းသည်ဟု ဆိုသည်။
“ဘင်္ဂါလီပြဿနာကို မဖြေရှင်းရင်တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ဒေသမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့က သူတို့ကို ပြောထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘန်ကောက်အစည်းအဝေးတက် ရောက်သူအားလုံးက မြန်မာ့အရေးအတွက် အခင်အမင်မပျက်သော ဖြေရှင်းနည်းကို အလိုရှိခဲ့ပြီး အစည်းအဝေးတက်ရောက်လာ သူအများစုက ဖက်ဒရစ်စနစ်ကို အကြံပေး ခဲ့ကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ဒါပေမဲ့ မြန်မာနိုင်ငံဟာ အရင်အခြေအနေကို ပြန်သွားလို့မရနိုင်ဘူးဆိုတာ ပိုရှင်းလာခဲ့ပါတယ်”ဟု မစ္စတာဟူစိန်ကဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန် ဂီယမ်ပွန်ဆာက သဘာပတိအဖြစ်ဆောင်ရွက်သော ခြောက်နိုင်ငံပါဝင်သည့် သုံးရက်ကြာဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်မှစတင် ပြီး ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။
မြန်မာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့သည်။
Ref: Financial Express
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
