Top News

ဒီဘားလားအတွက် စပါးအသင်း သဘောတူညီမှုရသော်လည်း ပုဂ္ဂိုလ်ရေးအချက်များကြောင့် အခက်တွေ့ဖွယ်ရှိ
24htopnews | December 24, 2024 4:12 PM CST

ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်း၌ အခွန်မဆောင်မီ တစ်ပတ်လစာ ပေါင်သုံးသိန်းအထိရရှိနေပြီး စပါးအသင်းတွင်လည်း လစာလျှော့ယူဖွယ်မရှိကြောင်း၊ ၎င်း၏အေးဂျင့်အတွက် ပေါင် ၁၂ သန်းအထိ ပေးချေရဖွယ်ရှိသလို ပုံရိပ်အသုံးပြုခအတွက် ညှိနှိုင်းမှာလည်း ရှုပ်ထွေးမှုများရှိကြောင်း သိရသည်။ 

စပါးအသင်းသည် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလား၏ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိထားကြောင်း အီတလီနှင့် ဗြိတိန်သတင်းဌာနများက ဖော်ပြနေသော်လည်း ၎င်း၏ပုံရိပ်အသုံးပြုခအပါအဝင် ပုဂ္ဂိုလ်ရေးအချက်များကြောင့် အခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။

စပါးအသင်းသည် အာဂျင်တီးနားလက်ရွေးစင် ဒီဘားလား (၂၅ နှစ်) အတွက် ပေါင် ၆၄.၄ သန်း (ယူရိုသန်း ၇၀) ဖြင့် ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်အသင်းက လက်ခံလိုက်ပြီဖြစ်ကြောင်း Sky Sports Italia အပါအဝင် သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။ သို့သော် ၎င်း၏ရှုပ်ထွေးသည့် ပုံရိပ်အသုံးပြုခ၊ လစာတောင်းဆိုမှု မြင့်မားခြင်းနှင့် အေးဂျင့်အတွက်ပေးချေရမည့်ပမာဏများကြောင့် အခက်တွေ့ဖွယ်ရှိ ကြောင်း မီဒီယာများက ဆက်လက်ဖော်ပြခဲ့ကြသည်။ 

ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်း၌ အခွန်မဆောင်မီ တစ်ပတ်လစာ ပေါင်သုံးသိန်းအထိရရှိနေပြီး စပါးအသင်းတွင်လည်း လစာလျှော့ယူဖွယ်မရှိကြောင်း၊ ၎င်း၏အေးဂျင့်အတွက် ပေါင် ၁၂ သန်းအထိ ပေးချေရဖွယ်ရှိသလို ပုံရိပ်အသုံးပြုခအတွက် ညှိနှိုင်းမှာလည်း ရှုပ်ထွေးမှုများရှိကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ကစားသမားခေါ်ယူမှုမှာ သြဂုတ် ၈ ရက် ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီ (မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ) တွင် ပြီးဆုံးမည်ဖြစ်ရာ များပြားလှသည့် စာချုပ်ပါအချက်အလက်များအတွက် အချိန်မီဆွေးနွေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

ဂျူဗင်တပ်စ်အသင်းမှာလည်း ၎င်းအားရောင်းချသည့်ငွေဖြင့် မန်ယူအသင်း တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

READ NEXT
Cancel OK