Top News

လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်ခဲ့သည့်လူကာကူကို မန်ယူအသင်း ဒဏ်ကြေး ပေါင်လေးသိန်းချမှတ်
24htopnews | December 24, 2024 4:12 PM CST

နွေရာသီအပြောင်းအရွှေ့ကာလမပိတ်မီ အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် လူကာကူသည် သြဂုတ် ၅ ရက်နှင့် ၆ ရက်တွင် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်လူငယ်အသင်းနှင့် လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း မီဒီ ယာများက ဓာတ်ပုံနှင့်တကွ ဖော်ပြလျက်ရှိသည်။

မန်ယူအသင်းသည် ကာရင်တန်လေ့ကျင့်ရေးသို့လာရောက်၍ လေ့ကျင့်ခန်းဆင်းရန်ပျက်ကွက်ခဲ့သည့် တိုက်စစ်မှူး လူကာကူကို ဒဏ်ကြေးပေါင်လေးသိန်းချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နွေရာသီအပြောင်းအရွှေ့ကာလမပိတ်မီ အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် လူကာကူသည် သြဂုတ် ၅ ရက်နှင့် ၆ ရက်တွင် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်လူငယ်အသင်းနှင့် လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း မီဒီ ယာများက ဓာတ်ပုံနှင့်တကွ ဖော်ပြလျက်ရှိသည်။

သြဂုတ် ၅ ရက်မှာ ၎င်း၏နားရက်ဖြစ်သော်လည်း သြဂုတ် ၆ ရက်တွင် ပြန်လာရန် ပျက်ကွက်ခဲ့သောကြောင့် မန်ယူအသင်းက နှစ်ပတ်လစာဖြစ်သည့် ပေါင်လေးသိန်းဒဏ်ရိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

လူကာကူသည် ယနေ့တွင်မူ ၎င်း၏ အနာဂတ်အတွက် အေးဂျင့်ပက်စ်တိုရယ်လို နှင့် ဆွေးနွေးရန် လန်ဒန်သို့ပြန်လာဖွယ်ရှိကြောင်း သိရသည်။

READ NEXT
Cancel OK