Top News

ဘာစီလိုနာသို့ပြန်လာချင်လျှင် ကိုယ်တိုင်ထုတ်ပြောရန်လိုအပ်ဟု နေမာကို ပီကေး တိုက်တွန်း
24htopnews | December 24, 2024 4:12 PM CST

ဘာစီလိုနာအသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ဂရီးဇ်မန်းအပါအဝင် ကစားသမားသစ်ခြောက်ဦးအတွက် ယူရို ၂၅၅ သန်းအထိ သုံးစွဲထားသောကြောင့် နေမာကို ပြန်လည်ခေါ်ယူရေးမှာ ရှုပ်ထွေးမှုများရှိနေခြင်း ဖြစ်သည်။ 

ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက PSG အသင်းတိုက်စစ်မှူး နေမာအနေဖြင့် ဘာစီလိုနာသို့ပြန်လာချင်လျှင် ကိုယ်တိုင်ထုတ်ဖော်ပြောကြားရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

နေမာသည် ယခုနွေရာသီတွင် ထွက်ခွာခွင့်ပြုရန် PSG အသင်းအားကစားဒါရိုက်တာ လီယိုနာဒိုနှင့်ဆွေးနွေးစဉ် အသိပေးပြောကြားထားပြီး လီယိုနာဒိုကလည်း သင့်လျော်သည့်ကမ်းလှမ်းမှုရရှိပါက ရောင်းချမည်ဖြစ် ကြောင်း တုံ့ပြန်ခဲ့သည်။ 

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ဂရီးဇ်မန်းအပါအဝင် ကစားသမားသစ်ခြောက်ဦးအတွက် ယူရို ၂၅၅ သန်းအထိ သုံးစွဲထားသောကြောင့် နေမာကို ပြန်လည်ခေါ်ယူရေးမှာ ရှုပ်ထွေးမှုများရှိနေခြင်း ဖြစ်သည်။ 

သို့ဖြစ်ရာ နာပိုလီအသင်းနှင့်ကစားမည့် လာလီဂါ-စီးရီးအေဖလားပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပီကေးက " နေမာ က ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ ဘာစီလိုနာအသင်း၊ ဘာစီလိုနာမြို့နဲ့ အဝတ် လဲခန်းမှာရှိသူအားလုံးသိမယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကနေ သူထွက်သွားတဲ့ ပုံစံကြောင့် စိတ်ဆိုးနေသူတွေရှိသလို သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ပျော်ရွှင်ရသူတွေလည်း အများကြီးရှိပါတယ်။ ဒါက ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါ။ သူက PSG အသင်း ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့အသင်း လူစာရင်းကလည်း ဆုဖလားအားလုံးရယူနိုင်ဖို့ လုံလောက်တဲ့အင်အားရှိပါတယ်။ တကယ်လို့ သူပြန်လာဖို့ အခွင့်အရေးရှိလာရင်တော့ ကျွန်တော်ဝမ်းသာမှာပါ။ ကျွန်တော်နဲ့ သူ့ကြားထဲက ဆက်ဆံရေးကို ခင်ဗျားတို့လည်း သိပါတယ်။ သူနဲ့ စကားလည်းပြောဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေကိုတော့ ထုတ်ပြောလို့မရပါဘူး။ တကယ်လို့ သူသာဆန္ဒရှိတယ်ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကို ထုတ်ပြောရမှာပါ။ ဒီကိစ္စအတွက် ဘာမှမပြောနိုင်ပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်" ဟု တိုက်တွန်းပြော ကြားခဲ့သည်။

ထို့ပြင် ပီကေးက နေမာ၏အပြောင်းအရွှေ့အတွက် အဓိကဖြစ်နေသည့် ကော်တင်ဟိုကိုလည်း အသင်းတွင် ဆက်ရှိနေစေချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။


READ NEXT
Cancel OK