လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား မာနေအနေဖြင့် နောဝစ်ချ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား မာနေအနေဖြင့် နောဝစ်ချ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းအန်ဖီးလ်၌ တန်းတက် နောဝစ်ချ်အသင်းနှင့် ယနေ့ည (မြန်မာစံတော်ချိန် စနေနေ့နံနက် ၁:၃၀ နာရီ)တွင် ကစားမည်ဖြစ်သည်။
မာနေသည် ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သလို၊ ဆီနီဂေါနိုင်ငံတွင် အလှူပြုလုပ်နေခြင်းကြောင့် လီဗာပူးလ်အသင်းနှင့် ပူးပေါင်းချိန် နောက်ကျခဲ့ပြီး မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲကို လွဲချော်ခဲ့သည်။
သို့သော် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည့် မာနေ၏ အနေအထားမှာ အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က "နောဝစ်ချ်နဲ့ပွဲအတွက် မာနေ အသင့်ဖြစ်နေပြီ။ မာနေအနေနဲ့ (၂) ပတ်အနားရခဲ့ပြီး အခုဆိုရင် ကြံ့ခိုင်မှုအနေအထားကလည်း ကောင်းမွန်ပုံရပါတယ်။ သူဟာ အသင်းနဲ့အတူ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပွဲကစားဖို့ အသင့်ဖြစ်နေပြီ။ နောဝစ်ချ်ပွဲမှာ သူ့ကို ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ ဆီနီဂေါတောင်ပံကစားသမား မာနေသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ (၅၀)တွင် (၂၆) ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်တွင် (၂၂) ဂိုးသွင်းယူကာ အသင်းဖော် ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နှင့်အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
