၂၀၁၉-၂၀ နွေရာသီ ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းချိန်တွင် ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းအသုံးစရိတ်မှာ ပေါင်(၁.၃၉)ဘီလီယံအထိရှိခဲ့ပြီး ယခင်စံချိန်ဟောင်းအဖြစ် ၂၀၁၇ နွေရာသီကတင်ထားသည့် ပေါင် (၁.၄၂၅) ဘီလီယံကို ချိုးဖျက်နိုင်ရန် အလွန်နီးစပ်ခဲ့သည်။
၂၀၁၉-၂၀ နွေရာသီ ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းချိန်တွင် ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းအသုံးစရိတ်မှာ ပေါင်(၁.၃၉)ဘီလီယံအထိရှိခဲ့ပြီး ယခင်စံချိန်ဟောင်းအဖြစ် ၂၀၁၇ နွေရာသီကတင်ထားသည့် ပေါင် (၁.၄၂၅) ဘီလီယံကို ချိုးဖျက်နိုင်ရန် အလွန်နီးစပ်ခဲ့သည်။
ပရီးမီးယားလိဂ် အပြောင်းအရွှေ့စျေးကွက်သည် ရာသီအစကတည်းက အေးစက်နေခဲ့ပြီး ကစားသမားအပြောင်းအရွှေ့အရေအတွက်မှာ နည်းပါးနေခဲ့သော်လည်း နောက်ဆုံးတွင်မူ ကလပ်အသင်းများ၏ အပြိုင်အဆိုင်အားဖြည့်ပြင်ဆင်မှုများကြောင့် ပေါင် (၁.၄)ဘီလီယံနီးပါးရှိသည့်အရေအတွက်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနှစ်စျေးကွက်၏ ထူးခြားမှုမှာ ကစားသမားအရေအတွက် နည်းပါးသော်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းအတော်များများသည် စံချိန်တင်ခေါ်ယူမှုများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့် ကစားသမား ခေါ်ယူမှုအသုံးစရိတ်များလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အပြောင်းအရွှေ့ဈေးကွက်ပေါက်ကွဲမှုက ယင်းကဲ့သို့ အရေအတွက်နည်းပါးပြီး၊ ငွေသုံးစွဲမှုများပြားသည့်ရာသီတစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကာ ပေါင်သန်းရာချီအသုံးပြုခဲ့သည့် အသင်းအတော်များများရှိခဲ့သည်ဟုလည်း သိရှိရသည်။
အံ့အားသင့်ဖွယ် အကောင်းဆုံးဖြစ်ရပ်မှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းနှင့် အကြိတ်အနယ်လုခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သည့် လီဗာပူးလ်အသင်းသည် ယခုအပြောင်းအရွှေ့ကာလတစ်ခုလုံးတွင် ကစားသမား ခေါ်ယူမှုအတွက် ပေါင် (၁.၃)သန်းသာ သုံးစွဲခဲ့ခြင်းဖြစ်ပြီး ကစားသမားခေါ်ယူမှုအနေဖြင့်လည်း (၃)ဦးသာ ရှိခဲ့သည်ကို တွေ့ရသည်။
ယင်းကစားသမား (၃) ဦးထဲတွင် (၂)ဦးမှာ လီဗာပူးလ်အရန်အသင်းသို့ သွားရမည့် အနာဂတ်အတွက် ပြင်ဆင်မှုများဖြစ်ပြီး ဝါရင့်ဂိုးသမား အက်ဒရီယန်ကိုမူ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့သည်။
ယခုအပြောင်းအရွှေ့ကာလတွင် ကစားသမားခေါ်ယူမှုအတွက် ကုန်ကျငွေထက် ကစားသမား ရောင်းထုတ်မှုအတွက် ရရှိသည့်ငွေကြေးက ပိုမိုများပြားသည့်အသင်း (၄)သင်းရှိခဲ့ပြီး ယင်းအသင်းများမှာ လက်စတာ၊ လီဗာပူးလ်၊ ပဲလေ့စ်နှင့် ချယ်လ်ဆီးအသင်းတို့ ဖြစ်သည်။
ယင်းအသင်းများထဲတွင် ချယ်လ်ဆီးအသင်းသည် ကိုဗာချစ်အတွက် ပေါင်သန်း (၄၀)ခန့်အသုံးပြုခဲ့ရသော်လည်း ကစားသမား ရောင်းထုတ်မှုများအတွက် ပေါင် (၁၂၁) သန်း အထိရရှိခဲ့ရာ စုစုပေါင်း ပေါင်သန်း (၈၀) အထိ အမြတ်ငွေရရှိခဲ့ သည်။
ငွေကြေးသုံးစွဲမှု မြင့်မားသည့် အသင်းများမှာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ အက်စတွန်ဗီလာအသင်းတို့ဖြစ်ပြီး ယင်းအသင်းများထဲတွင် အက်စတွန်ဗီလာအသင်းသည် ဝင်ငွေလုံးဝမရှိဘဲ အသုံးစရိတ်သက်သက်သာရှိခဲ့သည့်အသင်းဖြစ်သည်။
ယင်းအတွက်ကြောင့် အသားတင်အသုံးစရိတ်အများဆုံးအသင်းအဖြစ်လည်း ရပ်တည်ခဲ့ပြီး ယင်းနောက်တွင် အာဆင်နယ်က အသားတင်အသုံးစရိတ် ဒုတိယအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
မန်ယူအသင်းသည် ကစားသမား အများအပြားထွက်ခွာခဲ့သော်လည်း လူကာကူတစ်ဦးအတွက်သာ ငွေပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်၏ စံချိန်တင်ခေါ်ယူမှုအဖြစ် လက်စတာအသင်းထံမှ မက်ဂွိုင်းရားကို ပေါင်သန်း (၈၀)ဖြင့် ခေါ်ယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
