မန်စီးတီးအသင်းသည် အသင်းကွင်းလယ်လူ ဂွန်ဒိုဂန်အား စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် အသင်းကွင်းလယ်လူ ဂွန်ဒိုဂန်အား စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် (၂၈) နှစ်အရွယ်ရှိ ဂျာမနီကွင်းလယ်လူ ဂွန်ဒိုဂန်သည် ၂၀၁၆ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင်သန်း (၂၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
မန်စီးတီးအသင်းနှင့် ဂွန်ဒိုဂန်၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာက ဂွန်ဒိုဂန်ကို စာချုပ်သစ်ချုပ်ဆိုအောင် တိုက်တွန်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂွန်ဒိုဂန်သည် မန်စီးတီးအသင်းနှင့် (၄) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အသင်းတွင် ၂၀၂၃ ခုနှစ်အထိ ကစားရမည်ဖြစ်သည်။
ဂွန်ဒိုဂန်သည် မန်စီးတီးအသင်းတွင် ကစားခဲ့သည့် (၃) ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်အပါအဝင် ဆုဖလား (၅) လုံးအထိ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၁၅) ပွဲတွင် (၁၇) ဂိုးသွင်းယူနိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) အထိ ကစားခွင့်ရခဲ့သည့် ဂွန်ဒိုဂန်သည် ယခု ၂၀၁၉-၂၀ ရာသီတွင်မူ အက်သလက်တီကိုအသင်းမှ ရောက်ရှိလာသည့် ကွင်းလယ်လူ ရိုဒရီနှင့် နေရာလုရဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
မန်စီးတီးအသင်းသည် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လာမည့်စနေနေ့တွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
